အာဏာသိမ်းစစ်ကောင်စီတပ်၏ နေ့စဉ် လေကြောင်း တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များ နောက်ထပ် တစ်နေရာသို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရ

Photo:  KRC
Photo:  KRC
အာဏာသိမ်းစစ်ကောင်စီတပ်၏ နေ့စဉ် လေကြောင်း တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များ နောက်ထပ် တစ်နေရာသို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရ
ဖေဖော်ဝါရီ 24, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်က ပြည်သူများ၏ နေအိမ်များပေါ်အထိ အကြမ်းဖက်ကာ လေကြောင်းဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေမှုများကြောင့် နန်းမယ်ခုံအနီးရှိ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်ပြည်သူများသည် လုံခြုံမည်ဟု ယူဆရသည့် နောက်ထပ် တစ်နေရာသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ပြည်သူများကို ကူညီပေးနေသည့် Kayan Rescue Committee -KRC က သတင်းထုတ်ပြန်ထားရှိသည်။ 

စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲပစ်ခတ်နေမှုများကြောင့် ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးမှုများအပြင် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသည်အထိ ဖြစ်ပေါ်နေသော်လည်း အာဏာသိမ်းကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ခြင်းမရှိဘဲ နေ့စဉ်လုပ်ဆောင်နေလျက်ရှိသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းပစ်ခတ်မှုများကြောင့် ကရင်နီပြည်နယ်အတွင်း နှင့် ရှမ်း-ကရင်နီနယ်စပ်မှ ပြည်သူများမှ အိုးပစ် အိမ်ပစ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။