ပင်လောင်း၊ မိုးဗြဲ၊ လွိုင်ကော်ပရဟိတအသင်းများ ချိတ်ဆက်၍ စစ်ရှောင်များကို ကူညီပို့ဆောင်မည့် အစီအစဉ် အာဏာသိမ်းအဖွဲ့၏ ကန့်သတ်တားမြစ်မှုကြောင့် ပြောင်းလဲ လိုက်ရ

ပင်လောင်း၊ မိုးဗြဲ၊ လွိုင်ကော်ပရဟိတအသင်းများ ချိတ်ဆက်၍ စစ်ရှောင်များကို ကူညီပို့ဆောင်မည့် အစီအစဉ် အာဏာသိမ်းအဖွဲ့၏ ကန့်သတ်တားမြစ်မှုကြောင့် ပြောင်းလဲ လိုက်ရ
ဇန်နဝါရီ 10, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်မှ စစ်ဘေးရှောင်မည့် ပြည်သူများကို ပရဟိတအသင်းများ ချိတ်ဆက်၍ ပို့ဆောင်ပေးနေရာ ပင်လောင်းဘက်မှ အကူအညီပေးရန်လာမည့် ပရဟိတအသင်းများကို အာဏာသိမ်းအဖွဲ့က ဝင်ခွင့်မပေး၍ ဒေသတွင်း ပရဟိတအသင်းများ ချိတ်ဆက်ပို့ဆောင်ပေးမည့် လမ်းကြောင်းအချို့ကို ပြောင်းလဲလိုက်ရကြောင်း သိရသည်။

ရွှေလွိုင်ကော်ပရဟိတအသင်း၊ မိုးဗြဲနာရေးကူညီမှုအသင်း၊ ပင်လောင်း ကြည်ဖြူချမ်းမြေ့အသင်း၊ ပင်လောင်း ဖြူစင်အားမာန်အသင်းတို့က စစ်ရှောင်မည့် ပြည်သူများအား ပင်လောင်း - အောင်ပန်း-အင်းလေးလမ်းကြောင်းဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပို့ဆောင်ပေးရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ပင်လောင်းဘက်မှ ပရဟိတအသင်းများ ဝင်လာခွင့် မရတော့၍ အဆိုပါ အစီအစဉ်ကို ဖျက်လိုက်ရကြောင်း ရွှေလိုင်ကော်ပရဟိတအသင်းက အများပြည်သူအား အသိပေးထားသည်။

လက်ရှိအခြေအနေအရ ရွှေလွိုင်ကော်ပရဟိတအသင်းအနေဖြင့် တတ်နိုင်သည့် ကားအစီးရေ အင်အားဖြင့်သာ စစ်ရှောင်များကို ဆိုက်ခေါင်၊ ဆီဆိုင်ဘက်သို့ ခေါက်တုံ့ခေါက်ပြန် ပို့ဆောင်ပေးသွားမည်ဟု ဇန်နဝါရီလ (၁၀) ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။