Denko စက်သုံးဆီဆိုင် ပေါက်ကွဲပြီး မီးလောင်

Photo: Sawmu Yount
Photo: Sawmu Yount
Denko စက်သုံးဆီဆိုင် ပေါက်ကွဲပြီး မီးလောင်
ဖေဖော်ဝါရီ 19, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ကဒါရွာအနီးရှိ အာဏာသိမ်း စစ်ကောင်စီထောက်တိုင် ဦးချစ်ခိုင်ပိုင် DENKO ဆီဆိုင် ယနေ့ ဖေဖော်ဝါရီလ(၁၉)ရက်၊ ညနေပိုင်းက ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် မီးလောင်သည်ကို မသိရသေးဘဲ Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

စစ်ကောင်စီကို စက်သုံးဆီနှင့် လေယာဉ်ဆီ ထောက်ပံ့သည်ဟု နာမည်ကျော်သူ ခရိုနီစီးပွားရေးသမား ဦးချစ်ခိုင်ပိုင်၏ Denko ဆီဆိုင်များအား တော်လှန်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့်နှစ်ကလည်း မြောက်ဥက္ကလာ Denko ဆီဆိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

ဒါ့အပြင် ယခုနှစ် ဖေဖော်ဝါရီလ(၇)ရက်က ရန်ကုန်မြိုရှိ Denko ဆီဆိုင်များမှ ငွေသိမ်းသည့်ကား တောင်ဒဂုံမြိုနယ်အတွင်းတွင် တားဆီးခံရပြီး ငွေများကို သိမ်းဆည်းကာ ဆီဆိုင်ပိုင်ရှင် ဦးချစ်ခိုင်အတွက် ကျည်တစ်တောင့်ပေးခံရသေးသည်။

ဦးချစ်ခိုင်ပိုင် Denko ဆီဆိုင်များမှ သိမ်း ဆည်းရမိငွေ ငွေကျပ် (၇၂၄)သိန်းကို တော်လှန်ရေးအဖွဲ့များထံ ခွဲဝေလိုက်ပြီးဖြစ်ကြောင်း တော်လှန်းရအဖွဲ့များက ဆိုသည်။