ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူး သုံးစွဲသူများကို ဒေသကာကွယ်ရေးအဖွဲ့များက ဖမ်းဆီး

Photo: L.D.F - KALAY
Photo: L.D.F - KALAY
ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူး သုံးစွဲသူများကို ဒေသကာကွယ်ရေးအဖွဲ့များက ဖမ်းဆီး
ဖေဖော်ဝါရီ 14, 2022 | အခြားဒေသများ| မူးယစ်ဆေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချနေသူ(၄)နှင့် သုံးစွဲသူ(၅)ဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီလ(၁၁)နှင့် (၁၂)ရက်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် LDF ကလေးက သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးသုံးစွဲ၊ ရောင်းချနေသူများကို PDF (Kalay)၊ ကလေးပြည်သူ့ရဲတပ်ဖွဲ(KPS)၊ နတ်မြောင်းကျေးရွာကာကွယ်ရေး၊ နတ်ချောင်းကျေးရွာကာကွယ်ရေးအဖွဲ့ စသည့် ပူးပေါင်းအဖွဲ့တို့က သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ကို ထိန်းသိမ်းထားရှိပြီး တရားခံများအား ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

မူးယစ်ဆေးဝါးတားဆီးနိမ်နှင်းရေးရဲတပ်ဖွဲ့သည် မြို့တိုင်း ဒေသတိုင်းတွင် ယခုလို  မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူး သုံးစွဲသူများကို တွေ့ရှိနေသော်လည်း ဖမ်းဆီး အရေးယူခြင်းများ မရှိခြင်းကြောင်း ကလေးမြို့နယ်အတွင်း ဒေသတွင်းတွေ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးအတွက် ဒေသကာကွယ်ရေးအဖွဲ့များက ယခုလို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။