ကရင်နီပြည်နယ်အတွင်း (၄၅)မိနစ်ကြာ တိုက်ပွဲတွင် အထိနာသည့် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် (၂)စီးဖြင့်  ဗုံးကြဲ တိုက်ခိုက်

Photo: Enemy Air Route Channel
Photo: Enemy Air Route Channel
ကရင်နီပြည်နယ်အတွင်း (၄၅)မိနစ်ကြာ တိုက်ပွဲတွင် အထိနာသည့် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် (၂)စီးဖြင့်  ဗုံးကြဲ တိုက်ခိုက်
ဇန်နဝါရီ 28, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ကျောင်းကုန်းနှင့် ကုန်းဆွတ်ရွာများအနီးသို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့က စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား (၄၅)မိနစ်ဝန်းကျင် တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်က လေယာဉ် (၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား (၁၅၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ညနေ (၃)နာရီဝန်းကျင်တွင် စတင်၍ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ညနေ (၃)နာရီ (၄၅)မိနစ်အချိန်ထိ ကြာမြင့်သည့်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှာ အလစ်အငိုက်တိုက်ခိုက်ခံရသဖြင့် အထိအခိုက်အကျအဆုံးများကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ (၅) နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီက  တိုက်လေယာဉ် (၂) စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။