ဖြိုလဲထားသည့် Mytel တာဝါတိုင်ဖြင့် လက်နက် ထုတ်လုပ်နိုင်ရေး ရိုးမဖိုက်တာ စမ်းသပ် တီထွင်နေ

Photo:  ရိုးမဖိုက်တာ  PDF
Photo: ရိုးမဖိုက်တာ PDF
ဖြိုလဲထားသည့် Mytel တာဝါတိုင်ဖြင့် လက်နက် ထုတ်လုပ်နိုင်ရေး ရိုးမဖိုက်တာ စမ်းသပ် တီထွင်နေ
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

အကြမ်းဖက် စစ်ကောင်စီတပ်၏ ဆက်စပ်လုပ်ငန်း Mytel တာဝါတိုင်ကို ဖောက်ခွဲဖြိုလဲပြီး လက်နက်အတွက် ပြန်လည်အသုံးပြုနိုင်ရန် စမ်းသပ်နေကြောင်း ယင်းမာပင်အခြေပြု ရိုးမဖိုက်တာ PDF အဖွဲ့က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြလာသည်ကို တွေ့ရသည်။

မိုင်တဲ မိုက်တယ်မိုက်တယ်ဆိုတာ တကယ်မှန်သွားပါပြီ။ ဖောက်ခွဲပြီး ဖျက်ဆီးပစ်တာကို ရိုးမဖိုက်တာ အားမပေးပါဘူး။ အသာယာလဲချပြီ လိုသလို တပ်ရင်းများအတွက် အသုံးချနိုင်ဖို့ စမ်းသပ်နေပါတယ်။

ဟု ယင်းမာပင်အခြေပြု ရိုးမဖိုက်တာ PDF အဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ရိုးမဖိုက်တာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YOMA Fighter PDF- Yinmabin)က လက်လုပ် လက်ပစ်ဗုံး၊ မြေမြုပ်မိုင်း၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး လက်နက်ငယ် မိုင်းနဲ့ (၈) မျိုးကို ထုတ်လုပ်ကာ မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။