Water Zonic EDM ပွဲ ဗုံးပေါက်ပြီးနောက် ပွဲကြည့်သူများပြန်

Water Zonic EDM ပွဲ ဗုံးပေါက်ပြီးနောက် ပွဲကြည့်သူများပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ကွင်း၌ ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် ပြုလုပ်နေသည့် Waterzonicပွဲကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက ဗုံးခွဲခဲ့ရာ ပွဲလာရောက်သူများပြန်သွားပြီး လာရောက်သူနည်းပါးသွားကြောင်း သိရသည်။

Waterzonicပွဲအား Dark Shadowတပ်ဖွဲ့နှင့် မဟာမိတ် GOD မြို့ပြတော်လှန်ရေး အင်အားစုတို့ပူးပေါင်း၍ ‌ညနေပိုင်းတွင်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို စစ်ကောင်စီထောက်တိုင် ခေတ်ပျက်သူဌေးများမှ ကျင်းပပြီး လူငယ်များအား မူးယစ်ဆေးဝါးရောင်းချကာ တိုင်းပြည်အေးချမ်းသယောင် ကျင်းပပြုလုပ်နေသည်ဟု ဖရဲသီး၏ အတွင်းသတင်းပေးမှူကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညနေပိုင်းက တာမွေမြို့နယ်၊ သီတာလမ်းထိပ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် စစ်တပ်က ပစ်ခတ်၍ ကျဆုံးခဲ့သော ဆန္ဒပြလူငယ် (၂)ဦးကို ဝမ်းနည်းစွာဖြင့် အလေးနီပြု ဦးညွတ်ကြောင်းနှင့် လူထုနှင့် တော်လှန်ရေးအပေါ် သစ္စာရှိစွာဖြင့် စစ်ဆင်ရေးများကို ပိုမိုကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency