ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကရင်ပြည်နယ်မှ ပြန်လာ၍ Quarantine  ထားသူ အမျိုးသားတစ်ဦးတွင် Covid-19  စစ်ဆေးတွေ့ရှိ 

အတည်ပြုလူနာအား ကုသဆောင်သို့ ပို့ဆောင်ရန် ခေါ်ယူစဉ်
အတည်ပြုလူနာအား ကုသဆောင်သို့ ပို့ဆောင်ရန် ခေါ်ယူစဉ်
ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကရင်ပြည်နယ်မှ ပြန်လာ၍ Quarantine  ထားသူ အမျိုးသားတစ်ဦးတွင် Covid-19  စစ်ဆေးတွေ့ရှိ 
ဒီဇင်ဘာ 25, 2020 | Covid-19| ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်  ၊ ကရင်ပြည်နယ်မှပြန်လာ၍  Quarantine  ထားသူ (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၌ ဓာတ်ခွဲအဖြေရသည်။

အဆိုပါ ပိုးတွေ့လူနာ အသက် (၄၈) နှစ်အရွယ် အမျိူးသားမှာ ဒီဇင်ဘာလ (၂၀) ရက်နေ့က ကရင်ပြည်နယ် လိပ်သိုမြို့မှ ကိုယ်ပိုင်ကားဖြင့် လွိုင်ကော်မြို့သို့ တစ်ဦးတည်းပြန်လာပြီး ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူဖြစ်ကြောင်း သိရသည်။ 

ပညာရေးကောလိပ်ရှိ quarantine center တွင် အသွားအလာကန့်သတ်ထားသူ (၁၆၂) ဦး၏ ဓာတ်ခွဲနမူနာများအား တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ (၁)ဦးတွင် ပိုးတွေ့ရခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး  လွိုင်ကော် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားသည်။

ကယားပြည်နယ်တွင် ဒီဇင်ဘာလ (၂၅) ရက်နေ့ ညနေပိုင်းထိ Covid-19 အတည်ပြူလူနာ (၇၄) ဦးရှိလာပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၅၁)ဦး ၊ ဆေးကုသမှုခံယူသူ (၂၂)ဦးနှင့် သေဆုံးသူ (၁)ဦးရှိကြောင်း သိရသည်။ 



Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း

ဓာတ်ပုံ - ရွှေလွိုင်ကော်

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။