အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် မြောက်ဥက္ကလာ ဓမ္မဝိသုဒ္ဓိ ဓမ္မာရုံတွင် မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးတွေ့

ပုံအညွှန်း - ဗုံးတွေ့၍ လမ်းပိတ်ဆို့ထားသော မြင်ကွင်း ၊ Photo: North Okkalapa Information
ပုံအညွှန်း - ဗုံးတွေ့၍ လမ်းပိတ်ဆို့ထားသော မြင်ကွင်း ၊ Photo: North Okkalapa Information
အာဏာသိမ်းစစ်တပ် တပ်စွဲထားသည့် မြောက်ဥက္ကလာ ဓမ္မဝိသုဒ္ဓိ ဓမ္မာရုံတွင် မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးတွေ့
ဇန်နဝါရီ 4, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်တွင် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်များ စခန်းချသည့် ဓမ္မဝိသုဒ္ဓိ ဓမ္မာရုံတွင် မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက တွေ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က စခန်းချနေထိုင်ခဲ့ပြီး မကြာခဏ လာရောက်တဲ့ ဓမ္မာရုံပါ။ ပန်းအိုးထဲမှာ တွေ့တာ။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ အတည်ပြုပြောသည်။

ဗုံးတွေ့ရှိခြင်း‌ကြောင့် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်များသည်  စကားဝါလမ်းထိပ်နှင့် ခွာညိုလမ်းမကြီးထိပ်ကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ပြီး နံနက်(၉)နာရီတွင် လမ်းပြန်ဖွင့်ပေးခဲ့သည်။

ယင်း ဓမ္မာရုံရှေ့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ညတို့က အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်များ နေထိုင်တပ်စွဲခဲ့သည်။

#TachileikNewsAgency