ဘားအံမြို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ Mytel ရုံး ဗုံးပေါက်ကွဲ

ဘားအံမြို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ Mytel ရုံး ဗုံးပေါက်ကွဲ
ဇန်နဝါရီ 2, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၉)ရပ်ကွက်ရှိ အာဏာသိမ်းစစ်အုပ်စု၏ လုပ်ငန်း Mytel ရုံးတွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၂)ရက် ‌ည‌နေပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးဘဲ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတို့ ပေါက်ကွဲမှုဖြစ်ပွားရာတွင် ရောက်ရှိ စစ်ဆေးနေကြကြောင်း သိရသည်။

ယမန်နေ့ကလည်း ဘားအံမြို၊ အမှတ်(၄)ရပ်ကွက်ရှိ အခွန်ရုံးအနောက်ဘက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ် ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို တိုက်ပွဲပြင်းထန်နေသည်။