MNDAA(ကိုးကန့်)၏ တပ်သားသစ် အခြေခံလေ့ကျင့်ရေး သင်တန်းဆင်း

Photo: The Kokang
Photo: The Kokang
MNDAA(ကိုးကန့်)၏ တပ်သားသစ် အခြေခံလေ့ကျင့်ရေး သင်တန်းဆင်း
ဒီဇင်ဘာ 22, 2021 | ရှမ်းမြောက်

အာဏာသိမ်းစစ်တပ်၏ (၅)လကြာ အင်အားဖြင့် ထိုးစစ်ဆင်ခံနေရသည့် ကိုးကန့် MNDAA က တပ်သားအခြေခံလေ့ကျင့်ရေးသင်တန်းတစ်ခု၏ သင်တန်းဆင်းပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့က အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်သားအခြေခံလေ့ကျင့်ရေးသင်တန်း၏ (၆) လကြာသင်တန်းဖြင့် တော်လှန်ရေးလူငယ်သစ်များ ထပ်မံအားဖြည့်ခြင်းဖြစ်သည်ဟု သိရသည်။

သင်တန်းဆင်း တပ်သားသစ်များအနေဖြင့် အမိန့်လုံးဝနာခံခြင်း ၊ လုပ်ဆောင်ချက်အားလုံးသည် အမိန့်အတိုင်းလိုက်နာခြင်း ၊ မိမိကိုယ်မိမိ ကြီးကြပ်ခြင်း ၊ အတက်ပညာများကို ကောင်းစွာ အသုံးပြုခြင်း ၊ အထက်အရာရှိနှင့် ပြည်သူ၏မျှော်လင့်ချက်များကို ကောင်းမွန်စွာ ဖော်ဆောင်သွားရန် သင်တန်းဆင်းပွဲတွင် တိုက်တွန်းပြောကြားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ကိုးကန့် (MNDAA)ကို ဩဂုတ်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။