ယာဉ်တိမ်းမှောက်မှုဖြစ်ထားရာ နေရာကို ရှောင်တိမ်းလိုက်ရာမှ တပ်မတော်ယာဉ်တစ်စီး တိမ်းမှောက်

ယာဉ်တိမ်းမှောက်မှုဖြစ်ထားရာ နေရာကို ရှောင်တိမ်းလိုက်ရာမှ တပ်မတော်ယာဉ်တစ်စီး တိမ်းမှောက်
ဇူလိုင် 8, 2020
By Tachileik News Agency
ယာဉ်တိမ်းမှောက်မှုဖြစ်ထားရာ နေရာကို ရှောင်တိမ်းလိုက်ရာမှ တပ်မတော်ယာဉ်တစ်စီး တိမ်းမှောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ တိုးဂိတ်အနီးတွင်၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ ညနေပိုင်းက အိမ်စီးယာဉ်ငယ်တစ်စီး မတော်တဆမှု ဖြစ်ပွားတိမ်းမှောက်ခဲ့ပြီး ၎င်းအား ရှောင်တိမ်းရာမှ တပ်မတော်ယာဉ်တန်းပါ ယာဉ်ကားတစ်စီး တိမ်းမှောက်ခဲ့သည်။

အိမ်စီးကားကတော့ လမ်းဘေးထိုးဆင်းပြီး ပက်လက်လန်သွားတယ်။ အဲဒီကားပေါ်က ယာဉ်မောင်း ဖြစ်သူက ရင်ဘတ်အောင့်တယ် ဆိုလို့ ပြည်သူ့ဆေးရုံကို ပို့ပေးထားတယ်။ ဒဏ်ရာကြီးကြီးမားမား မရထားဘူး။ မှောက်တဲ့ ယာဉ်ကိုတော့ ကရိန်းနဲ့မပြီး ယာဉ်ထိန်းရုံး မှာ ပို့ထားတယ်။ ကျန်တာက စစ်ဆေးနေဆဲပဲရှိသေးတယ်

ဟု ကျောက်မဲယာဉ်ထိန်းတပ်ဖွဲ့မှ ယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။

ကျောက်မဲ-သီပေါ လမ်းပိုင်းရှိ ကုန်းဆင်းအကွေ့တစ်ခုတွင် ကျောက်မဲဘက်မှ သီပေါဘက်သို့ သွားသော အိမ်စီးယာဉ်ငယ်တစ်စင်းသည် လမ်းနံဘေးသို့ ထိုးကျ၍ပက်လက် လန်ရပ်တန့်သွားကာ ယာဉ်မောင်းဖြစ်သူ အမျိုးသားသည် ဒဏ်ရာ အနည်းငယ် ရရှိသွားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာအနီးမှ ဖြတ်သွားသည့်  ရိက္ခာတင် တပ်မတော်ယာဉ်တန်း အုပ်စုမှ တစ်စီးမှာ ယာဉ်တိမ်းမှောက်နေသည်ကို ရှောင်တိမ်းစဉ် လမ်းနံဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ တပ်မတော်သားများမှာ ဒဏ်ရာ မရ ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~