အာဏာသိမ်းစစ်တပ် ဝင်ရောက်စီးနင်းမှုများကြောင့် တိမ်းရှောင်နေရသည့် ဂန့်ဂေါစစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီ လိုအပ်နေ

Photo: PDF-GanGaw
Photo: PDF-GanGaw
အာဏာသိမ်းစစ်တပ် ဝင်ရောက်စီးနင်းမှုများကြောင့် တိမ်းရှောင်နေရသည့် ဂန့်ဂေါစစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီ လိုအပ်နေ
ဒီဇင်ဘာ 21, 2021 | အခြားဒေသများ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအတွက်  အရေးပေါ်အကူအညီများစွာလိုအပ်နေကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသူအများအပြားမှာ နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါးများလိုအပ်နေပြီး အဆိုပါဒေသများတွင် သွားလာရေးအခက်အခဲ၊ အင်တာနက်လိုင်းပြတ်တောက်မှုများကြောင့် ပြင်ပနှင့်အဆက်အသွယ်ပြတ်တောက်ကာ အထောက်အပံ့အကူအညီရရန် ခက်ခဲနေသည်ဟု သိရသည်။

တိမ်းရှောင်နေရသူများမှာ ရာသီဥတုဒဏ်ကြောင့် အခက်အခဲဖြစ်နေပြီး အင်တာနက်ပြတ်တောက်နေမှုကြောင့် သိရှိသူနည်းကာ အကူအညီအလွန်နည်းနေသည်ဟု PDF-GanGaw က ထုတ်ပြန်ချက်အရ သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်း ဒီဇင်ဘာလ (၁၇) ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်က နှမ်းခါးကျေးရွာကို ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံ သေဆုံးသူအများအပြားရှိပြီး အများအပြားထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။