နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်‌ရေးတွင်ပါဝင်သည့် စစ်ကြောင်းများအားတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံး

နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်‌ရေးတွင်ပါဝင်သည့် စစ်ကြောင်းများအားတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံး

နိုင်ငံတော်အဆင့် စစ်ကောင်စီဘက်မှ ကြည်း၊‌ရေ၊လေ ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ဆင်‌ရေးတွင်ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းများကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း၏ ၂၀၂၄ခုနှစ် မေလ (၅) ရက် ထုတ်ပြန်ချက်အရသိရသည်။

အောင်ဇေယျစစ်ဆင်‌ရေးတွင်ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းများအား မေလ (၃)ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ဒေါနတောင်သို့ ထိုးစစ်ဆင်လာသည့် နိုင်ငံတော်အဆင့် စစ်ကောင်စီစစ်ကြောင်းများအား အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးများ၊ တင့်ကားများနှင့် စစ်ကောင်၏ လက်အောက်ခံတပ်သားများ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအနေဖြင့် စစ်ကောင်စီ၏ ထိုးစစ်အား အစွမ်းကုန် ခုခံတော်လှန် တိုက်ခိုက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းရာအရပ်တွင် သတိပြုနေထိုင်ကြပါရန် အသိပေးကြောင်း ကျားဖြူစစ်ကြောင်းမှ ပြောသည်။

#TachileikNewsAgency

Photo: Albino Tiger Column-P29909