ဝမ်းတွင်းမြို့နယ်အတွင်း မကျီးအုပ်ကျေးရွာက ပျူစောထီးသင်တန်းဆင်း ဒလန်ဟု ဆိုသူကို WRTF က သေနတ်ဖြင့် (၄)ချက် ပစ်ကာ ရှင်းလင်း

ဝမ်းတွင်းမြို့နယ်အတွင်း မကျီးအုပ်ကျေးရွာက ပျူစောထီးသင်တန်းဆင်း ဒလန်ဟု ဆိုသူကို WRTF က သေနတ်ဖြင့် (၄)ချက် ပစ်ကာ ရှင်းလင်း
ဒီဇင်ဘာ 11, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာအုပ်စုအတွင်း မကျီးအုပ်ရွာမှ ပျူစောထီးသင်တန်းဆင်း အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးဒလန်ဟုဆိုသူအား သုတ်သင်ရှင်းလင်းလိုက်ကြောင်း ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစု(WTRF) က သတင်းထုတ်ပြန်လာသည်။

ပျူစောထီးသင်တန်းဆင်း အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးဒလန်ဟုဆိုသူ အောင်ဆန်းနိုင်အား ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က သေနတ်ဖြင့် (၄)ချက်ပစ်ကာ ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ(၈)ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်မှ ဝမ်းတွင်းမြို့နယ်အတွင်း  စမုံ မီးရထားသံလမ်းတံတားအား အသုံးပြုကာ ရိက္ခာနှင့်လက်နက် ပို့ဆောင်ရေးအတွက် အသုံးပြုနေ၍ ဆက်လက်အသုံးမပြုနိုင်ရန် Wundwin Township Revolution Force ( WTRF )က  မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

#TachileikNewsAgency