ကြည့်မြင်တိုင်ဖြစ်စဉ်တွင် အာဏာသိမ်းအဖွဲ့မှ ဦးဆောင်သူများ၏ အမည်စာရင်းထွက်လာ

ကြည့်မြင်တိုင်ဖြစ်စဉ်တွင် အာဏာသိမ်းအဖွဲ့မှ ဦးဆောင်သူများ၏ အမည်စာရင်းထွက်လာ
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

ရန်ကုန် ကြည့်မြင်တိုင်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်က ရန်ကုန်လူထုသပိတ်အား ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်ခတ်မှုကျူးလွန်သည့် အာဏာသိမ်းအဖွဲ့ကို ဦးဆောင်သူများ အမည်စာရင်းကို Myanmar Police CDM Channel က ထုတ်ဖေါ်လာသည်ကို တွေ့ရသည်။

အဆိုပါဖြစ်စဉ်တွင် အမှတ်(၈၂)ခြေလျင်တပ်ရင်းမှ  ယာယီတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဘိုဘို ဦးစီး (၂ + ၁၀) ဦး၊ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်မြ ဦးစီး ( ၃ + ၁၀) ဦးနှင့် အမှတ်(၈)ရဲတပ်ရင်းမှ ဒုရဲအုပ် ဝင်းဇော်လွင် ဦးစီး ( ၁ + ၈) ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့် လူငယ်များအား ဖမ်းဆီးသည့်ဖြစ်စဉ်ကို သတင်းတင်ပြရာ၌ ဆန္ဒပြလူငယ်များအား စစ်ကားဖြင့် အနောက်မှဝင်တိုက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုများကို ထိန်ချန်၍ တင်ပြထားသည်ကို တွေ့ရသည်။

ယင်းအပြင် အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဓါတ်ပုံ၊ ဗီဒီယိုများ ထွက်ပေါ်ခဲ့ရာ မှတ်တမ်းယူသူများကိုလည်း အဆိုပါ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးသွားခဲ့သည်။

ဆက်စပ်သတင်း

ရန်ကုန်ဆန္ဒပြပြည်သူများအား ကားဖြင့်တိုက်သတ်၊ သေနတ်ဖြင့်ပစ်သတ်သည့် အာဏာသိမ်းအဖွဲ့ကို ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မည်