KNDF - B 02 သို့ အာဏာသိမ်းစစ်တပ်၏ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်သားတစ်ဦး CDM ဝင်ရောက်လာ

Photo: KNDF B 02 
Photo: KNDF B 02 
KNDF - B 02 သို့ အာဏာသိမ်းစစ်တပ်၏ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်သားတစ်ဦး CDM ဝင်ရောက်လာ
နိုဝင်ဘာ 14, 2021 | ကယား

ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ် ( KNDF ) B-02 တပ်ရင်းသို့ အာဏာသိမ်းစစ်တပ်၏ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတစ်ခုမှတပ်သားအဆင့်ရဲဘော်တစ်ဦး CDM ဝင်ရောက်လာကြောင်း ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့တွင် KNDF B 02 ဟ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လာသည်။

CDM ဝင်ရောက်လာသည့် တပ်သားအဆင့်ရဲဘော်တစ်ဦးအား KNDF - B 02  မှ နွေးထွေးစွာကြိုဆိုပြီး သက်ဆိုင်သူနှင့် မိသားစု အပါအဝင် လုံခြုံရေးနှင့်စားဝတ်နေရေးအတွက် အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုသည်ဟုလည်း အသိပေး ဖော်ပြထားသည်။