လားရှိုးတွင် နေအိမ်၌ မိသားစုနှင့် ညစာ စားနေသည့် အမျိုးသားတစ်ဦးအား လမ်းပေါ်မှ တဆင့် သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံး

လားရှိုးတွင် နေအိမ်၌ မိသားစုနှင့် ညစာ စားနေသည့် အမျိုးသားတစ်ဦးအား လမ်းပေါ်မှ တဆင့် သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံး
စက်တင်ဘာ 5, 2020
By Tachileik News Agency
လားရှိုးတွင် နေအိမ်၌ မိသားစုနှင့် ညစာ စားနေသည့် အမျိုးသားတစ်ဦးအား လမ်းပေါ်မှ   သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံး
ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုး မြို့၊ ရပ်ကွက် (၇) တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က နေအိမ်၌ မိသားစုနှင့်ညစာစားနေသည့် အမျိုးသားတစ်ဦးအား သေနတ်သမားက   ပစ်ခတ်သွား၍ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၉) ရှိ ကုန်စုံဆိုင်ဖွင့်ထားသော နေအိမ်တစ်ခုတွင် မိသားစုနှင့် ညစာထမင်းစားနေသော အသက် (၆၄) နှစ်အရွယ် ဦးလွေဇူးရင်ကို သေနတ်သမားက နေအိမ်ရှေ့တွင် ကားရပ်ပြီး ကားပေါ်မှ ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်သမားသည် ဦးလွေဇူးရင်ကို သေနတ်ဖြင့် (၃)ချက်ပစ်ခတ်ပြီး မော်တော်ယာဉ်အား မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး အလောင်းကို လားရှိုးမြို့ရှိ ရွှေသံလွင် လူမှုကူညီရေးအသင်းက  လားရှိုးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~