ဖယ်ခုံမြို့နယ် သဲကွင်းရွာအနီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ရွာဘက်သို့ ရမ်းသမ်းပစ်ခတ်၍ လူနေအိမ်နှင့် အရပ်သားများ ထိခိုက်မှုရှိနေ

ဖယ်ခုံမြို့နယ် သဲကွင်းရွာအနီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ရွာဘက်သို့ ရမ်းသမ်းပစ်ခတ်၍ လူနေအိမ်နှင့် အရပ်သားများ ထိခိုက်မှုရှိနေ
အောက်တိုဘာ 27, 2021 | ကယား

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း သဲကွင်းရွာအနီးရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ယမန်နေ့ညပိုင်းမှ မနက်အစောပိုင်းအထိ ကျေးရွာတွင်း ရမ်းသမ်းပစ်ခတ်မှုများလုပ်၍ လူနေအိမ်နှင့် အရပ်သား ထိခိုက်မှုများရှိကြောင်း သိရသည်။

“စကစတပ်တွေက ရွာတွေထဲကို ရမ်းသမ်းပစ်ထည့်ပေးနေတယ်။ မနေ့ညနေ (၅) နာရီလောက်ကတည်းက စပစ်တာ။ ရွာထဲက တစ်ချို့ရှောင်ထွက်လို့ရပြီး တစ်ချို့က ပိတ်မိနေကြတာ။ စကစတပ်က ဘန်းမောက်ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး အဲ့ကနေ သဲကွင်းဖက်ပစ်နေတာ။ ရမ်းသမ်းပစ်နေတာ။ အခုထိ ပစ်နေတုန်းပဲ”ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့  ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့ နံနက် (၄)နာရီခွဲဝန်းကျင်တွင် ပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသော်လည်း အပျက်အစီး၊ အထိအခိုက်အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။