အောင်ပန်းမြို့တွင် စစ်သားတစ်ဦး ပစ်ခတ်ခံရပြီးနောက် မြို့ကော်မတီအဖွဲ့ဝင် (၆)ဦး ဖမ်းဆီးခံထားရပြီး နောက်ထပ် ထပ်မံဖမ်းဆီးဖွယ် ရှိနေ

အောင်ပန်းမြို့တွင် စစ်သားတစ်ဦး ပစ်ခတ်ခံရပြီးနောက် မြို့ကော်မတီအဖွဲ့ဝင် (၆)ဦး ဖမ်းဆီးခံထားရပြီး နောက်ထပ် ထပ်မံဖမ်းဆီးဖွယ် ရှိနေ
အောက်တိုဘာ 26, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ ရဲစခန်းအနီးတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့ ညနေပိုင်းက စစ်သားတစ်ဦးပစ်ခတ်ခံရပြီးနောက် ညပိုင်းတွင် အောာင်ပန်းမြို့ရှိ ကော်မတီများထဲက  ကော်မတီအဖွဲ့ဝင်(၆)ဦးအား အာဏာသိမ်းအဖွဲ့က ဖမ်းသွားသည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က  နောက်ထပ်ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သတင်းရထားပြီး အောင်ပန်းမြို့ ရပ်ကွက် (၁) နှင့် ရပ်ကွက် (၃)တွင် နေထိုင်သူများ သတိရှိကြရန် ကလော PDF က အသိပေးထားသည်ကိုလည်း တွေ့ရသည်။

အောင်ပန်းမြို့တွင် မြို့မရဲစခန်းအနီး ယမန်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်က ကွမ်းယာဝယ်နေသည့် အာဏာသိမ်းစစ်တပ်၏ တပ်သားတစ်ဦးကို ပစ်ခတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး အဆိုပါ ပစ်ခတ်မှုကို ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကလော PDF က သတင်းထုတ်ပြန်ထားသည်။