အသက် (၁၂) နှစ်အထက် ကလေးများကို Covid-19 ကာကွယ်ဆေးထိုးပေးခြင်းမှာ လိုအပ်၍ထက် ကျောင်းအမြန် ဖွင့်နိုင်ရန် ရည်ရွယ်ကြောင်း ဒေါက်တာခင်ခင်ကြီးဆို

အသက် (၁၂) နှစ်အထက် ကလေးများကို Covid-19 ကာကွယ်ဆေးထိုးပေးခြင်းမှာ လိုအပ်၍ထက် ကျောင်းအမြန် ဖွင့်နိုင်ရန် ရည်ရွယ်ကြောင်း ဒေါက်တာခင်ခင်ကြီးဆို
အောက်တိုဘာ 17, 2021 | ကျန်းမာရေး| Covid-19

အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို Covid-19 ကာကွယ်ဆေးထိုးနှံပေးနေခြင်းမှာ လို၍ ထိုးပေးသည်ထက် ကျောင်းအမြန်ဖွင့်နိုင်ရန်အတွက်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဖြေကြားထားသည်။

အသက် (၁၂)နှစ်နှင့်အထက် ကလေးများကို ကာကွယ်ဆေးထိုးပေးခြင်းနှင့်ပတ်သက်၍ ဒေါက်တာခင်ခင်ကြီးက လူမှုကွန်ယက်စာမျက်နှာမှ ပြန်လည်ဖြေကြားရာတွင်

လိုလို့ ထိုးပေးတယ်ဆိုတာထက် ကျောင်းအမြန်ဖွင့်နိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်

ဟု၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်(၁၁း၀၅)နာရီအချိန်က ဖြေကြားထားသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံထုတ် COVID 19 ကာကွယ်ဆေး Sinovac ကို အသက် (၁၂) နှစ်မှ (၁၈) နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ထိုးပေးမည်ဟု အာဏာသိမ်းအဖွဲ့၏ ကျန်းမာရေးဌာနက ကြေညာထားပြီး ကာကွယ်ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကျောင်းတက်ခွင့်ရှိသည်ဟုလည်း ကြေညာထားခြင်းဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံတွင်း COVID 19 ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများအားလုံး အရှိန်အဟုန်ရပ်တန့်သွားချိန်တွင် အခြေခံပညာကျောင်းများအား တစ်နှစ် နှစ်တန်းစနစ်ဖြင့် ရုတ်တရက်ပြန်ဖွင့်လိုက်သော်လည်း COVID 19 တတိယလှိုင်းဖြစ်လာ၍ မကြာမီ ပြန်ပိတ်ထားရခြင်းဖြစ်သည်။