ရန်သူနှင့် ဆွေးနွေးညှိနှိုင်းနိုင်ပေမဲ့ ရှမ်းပြည်တွင်း လက်နက်ကိုင်အချင်းချင်း  မဆွေးနွေးနိုင်သည်ကို RCSS အံ့ဩ 

ရန်သူနှင့် ဆွေးနွေးညှိနှိုင်းနိုင်ပေမဲ့ ရှမ်းပြည်တွင်း လက်နက်ကိုင်အချင်းချင်း  မဆွေးနွေးနိုင်သည်ကို RCSS အံ့ဩ 
အောက်တိုဘာ 1, 2021 | နိုင်ငံရေး| ရှမ်းတောင်

 အာဏာသိမ်းစစ်တပ်မှ နိုင်ငံ့အာဏာကို သိမ်းထားသည့် (၈)လအကြာ ကာလအတွင်း ဒေသတွင်း တိုက်ပွဲများကြောင့် ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရခြင်း နှင့် Covid-19 ကူးစက်ရောဂါပြန့်ပွားခြင်းတို့ကြောင့် ခက်ခဲကျပ်တည်းလာသည်ကို RCSS အနေဖြင့် များစွာ စိုးရိမ်ပူပန်မိသလို ရန်သူ(အာဏာသိမ်းစစ်တပ်)နှင့် ဆွေးနွေးညှိနှိုင်းနိုင်သော်လည်း ရှမ်းပြည်နယ်ညီနောင်တိုင်းရင်းသားအချင်းချင်းအကြား မဆွေးနွေးနိုင်သည်ကို ကြီးစွာ အံ့ဩဖြစ်ရကြောင်း RCSS က ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

းသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး သံဃာတော်များနှင့်ပြည်သူလူထုက ကြိမ်ဖန်များစွာ ကြားဝင်ဖျန်ဖြေ ကြိုးပမ်းပေးခဲ့သော်လည်း မျှော်လင့်သည့်ရလဒ်ကောင်း မရရှိသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်မိသည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ရေးပဋိပက္ခများကို ဖြေရှင်းရန်အတွက် RCSS က SSPP ၏ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး ပန်ဖထံသို့ စာရေးပြီး ညှိနှိုင်းခဲ့သော်လည်း SSPP ဖက်က အကြောင်းပြန်ကြားခြင်းမရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency