D Day နဲ့ လက်နက်ကိုင်တော်လှန်ရေးနေ့ ဘာကွာခြားသလဲ

D Day နဲ့ လက်နက်ကိုင်တော်လှန်ရေးနေ့ ဘာကွာခြားသလဲ
By ညီသုတ

D Day နဲ့ လက်နက်ကိုင်တော်လှန်ရေးနေ့ ဘာကွာခြားသလဲ

Military D Day ဆိုတာက အဆင်သင့်ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးက ရည်မှန်းချက်နေရာကို တပြိုင်နက်တည်း ထိုးစစ်ဆင်တဲ့ရက်ကိုဆိုလိုတာပါ။ D Day မှာ H-hour တွဲပါလေ့ရှိပါတယ်။ 

စီမံချက်မှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ကိုယ့်မှာရှိတဲ့အင်အားနဲ့ တိုက်ပွဲဝင်ရမဲ့အချိန်ကို ဆိုလိုတာပါ။ ဥပမာ- ဘယ်နှစ်နာရီမှာ မော်လမြိုင်တံတားကို တပ်ဖွဲ့တွေအရောက်ချီတက်ပြီး ဖြစ်ရမယ် ။  ရန်ကုန်မှာဆိုရင်  ဘယ်နှစ်နာရီမှာ အောင်ဇေယျတံတားကို သိမ်းပိုက်ပြီးဖြစ်ရမယ် ဆိုတာမျိုး အတိအကျ စီမံချက်ရေးဆွဲပြီး တိုက်စစ်စတင်တာကို D Day H-hour လို့ ပြောကြတာဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးနေ့ စတင်သတ်မှတ်ခြင်း 

လက်နက်ကိုင်တော်လှန်ရေးနေ့ စတင်သတ်မှတ်တဲ့နေ့ဟာ D Day မဟုတ်သေးပါ။ အသင့်ဖြစ်နေတဲ့ တပ်ဖွဲ့တွေကတော့ အရှိန်မြှင့် တိုက်ခိုက်လို့ရပါပြီ။ ယခင်က တိုက်နေတာကို အရှိန်မြှင့်ရုံပါပဲ။ အဆင်သင့် မဖြစ်သေးတဲ့ PDF ၊ ပြင်ဆင်ဆဲ PDF တွေအနေနဲ့ အလောတကြီးတိုက်စစ်စဖို့ မလိုအပ်သေးပါဘူး။ စိတ်လောဖို့လည်း မလိုပါဘူး။ ကောင်းစွာပြင်ဆင်ပါ။ ကိုယ့်ဘက်က အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒီနေ့ကစပြီး အရှိန်မြှင့်တိုက်ခိုက်သွားလို့ရပါတယ်။ ပြင်ဆင်ဆဲဆိုရင်တော့ ဆက်ပြီး ပြင်ဆင်ပါ။ အချိန်ယူပါ။ 

မြို့ပေါ်လူထုအနေနဲ့ အခြေခံရိက္ခာ ၊ ဆေးဝါး အနည်းငယ် ဆောင်ထားရုံနဲ့ လုံလောက်ပါပြီ။ မြိုပေါ်လူထုအနေနဲ့ ပြင်ဆင်ချိန်ရပါသေးတယ်။ အတင်းလုဝယ်သူများရင် ကုန်စျေးနှုန်းတက်ပြီး လောဘသမားတွေရဲ့ အကြိုက်ဖြစ်ပါမယ်။

ဒါကြောင့် ဒီနေ့ဟာ ခရီးကြမ်းကို လက်နက်ကိုင်တော်လှန်ရေးနဲ့ကျော်ဖြတ်ဖို့ အခိုင်အမာဆုံးဖြတ်တဲ့နေ့အဖြစ်သာ နားလည်ကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။