D Day ကြေညာပြီးချိန်တွင် ရထားနှင့် တိုက်လေယာဉ်များ ကလောမှ ဖြတ်သန်းသွားလာနေ

D Day ကြေညာပြီးချိန်တွင် ရထားနှင့် တိုက်လေယာဉ်များ ကလောမှ ဖြတ်သန်းသွားလာနေ
စက်တင်ဘာ 7, 2021 | ရှမ်းတောင်

အမျိုးသားညီညွတ်ရေးအစိုးရက တစ်နိုင်ငံလုံး စစ်အာဏာရှင်တော်လှန်တိုက်ခိုက်ရေး (D Day) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၈) နာရီခွဲတွင် စတင်ကြေညာလိုက်ပြီးနောက် ရထားနှင့် တိုက်လေယာဉ်များ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့မှ ဖြတ်သန်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ့မီးရထားမှဝန်ထမ်းများ CDM လုပ်နေသဖြင့် ကလောဘူတာနှင့် ရထားခရီးစဉ်ရပ်နားထားသည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့တွင် ရထားဖြတ်သန်း ခုတ်မောင်းသွားသည်ကို တွေ့ရကြောင်း သိရသည်။

ယင်းအပြင် တိုက်လေယာဉ်များလည်း ဖြတ်သန်းသွားသည့်အသံများ ကြားကြရကြောင်း သိရသည်။ 

အလားတူ ရန်ကုန်လေဆိပ်တွင်လည်း ပို့ဆောင်ရေး စစ်လေယာဉ်များ မနားတမ်း ထွက်ခွာနေသည်ကို တွေ့ရသည်ဟု ရန်ကုန်မြို့ခံအချို့ထံမှ သိရသည်။