ေတာင္ႀကီးၿမိဳ႕ ေလးေလာင္းၿပိဳင္လူသတ္မႈက်ဴးလြန္သူအား ႏွစ္ရက္အတြင္းဖမ္းမိ

ေတာင္ႀကီးၿမိဳ႕ ေလးေလာင္းၿပိဳင္လူသတ္မႈက်ဴးလြန္သူအား ႏွစ္ရက္အတြင္းဖမ္းမိ
မေ 1, 2019
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ကန္သာယာရပ္ကြက္ရိွ ျမင္းျဖဴႏွစ္ေကာင္ေဆးတုိက္မွ ေလးေလာင္းၿပိဳင္လူသတ္မႈ က်ဴးလြန္သူ ေဆးတိုက္ပိုင္ရွင္၏ ေမာင္ႏွမဝမ္းကြဲေတာ္စပ္သူအား ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၉)ရက္ေန႔ နံနက္ (၇)နာရီတြင္ ေက်ာက္မဲၿမိဳ႕၊ အထက္ျမင္းကြင္းေက်းရြာေနအိမ္၌ ဖမ္းဆီးရမိထားေၾကာင္းသိရသည္။

ေဆးတုိက္ပိုင္ရွင္ေဒၚေအးေရႊ၏ ေမာင္ႏွမဝမ္းကြဲေတာ္စပ္သူ တင္အုန္း(ခ)အိုက္အုံးအား အစစ္ခံေဖာ္ထုတ္ ခ်က္အရ အမႈမွ သက္ေသခံ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ (၁)ပိႆာနီးပါးခန္႔ႏွင့္ ေငြ(၇)သိန္း(၂)ေသာင္းက်ပ္တို႔ကို ၎၏ ေနအိမ္မွ ၂၀၁၉ ခုႏွစ္ ေမလ (၁)ရက္ေန႔တြင္ အထူးအမႈစစ္အဖြဲ႕မွ ရွာေဖြေဖာ္ထုတ္သိမ္းဆည္း ႏိုင္ခဲ့ေၾကာင္း သိရသည္။

ကနဦးစစ္ေၾကာခ်က္အရ ျမင္းျဖဴႏွစ္ေကာင္တိုင္းရင္းေဆးတိုက္ပိုင္ရွင္ ေဒၚေအးေ႐ႊႏွင့္ ေမာင္ႏွမဝမ္းကြဲေတာ္စပ္သူ တင္အုန္း(ခ)အိုက္အုံးသည္ မူးယစ္ေဆးဝါးစြဲေနသူတစ္ဦးျဖစ္ၿပီး ေဒၚေအးေရႊႏွင့္ အေမြခြဲမည္ဆိုပါက တင္အုန္း(ခ)အိုက္အုံး၏သား စိုင္းဝင္းေမာင္ႏွင့္ ယခုေသဆုံးသူ ေဒၚေအးေရႊ၏ ေမြးစားသမီး မနန္းခမ္းလႈိင္တို႔ အတူခြဲေဝယူရမည္ျဖစ္ေသာ္လည္း မနန္းခမ္းလိႈင္မွာ ေမြးစားမိခင္ႏွင့္အေနနီးသျဖင့္ သားျဖစ္သူ အေမြရနည္းမည္ကို စိုးရိမ္ျခင္းႏွင့္ ၎ကိုယ္တုိင္ေငြလိုေနျခင္းတို႔ေၾကာင့္ က်ဴးလြန္ျခင္းျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း သိရသည္။

လူသတ္မႈက်ဴးလြန္ရန္ ၎မွ အဓိကစီမံဦးေဆာင္ၿပီး က်န္လူမ်ားအကူအညီျဖင့္ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသျဖင့္ က်န္တရားခံအား ဆက္လက္ဖမ္းဆီးရမိေရးႏွင့္ က်န္ရွိသက္ေသခံ ပစၥည္းမ်ားထပ္မံသိမ္းဆည္းရရွိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ဧၿပီလ (၂၈)ရက္ေန႔က ေဒၚေအးေရႊ၏သားမက္ျဖစ္သူ စိုင္းေဆမြန္(ခ)ေဆမြန္၊ သမီးျဖစ္သူ မနန္းခမ္းလႈိင္ႏွင့္ ေျမးျဖစ္သူ စိုင္းဖဖတို႔အျပင္ အိမ္အကူ မေအးမိုးတို႔အား အသတ္ခံရၿပီး ေနအိမ္ရွိ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ (၁၅)မ်ိဳး၊ ေငြက်ပ္သိန္း (၄၀)အပါအဝင္ စုစုေပါင္းတန္ဖိုး က်ပ္(၁၅၅၇) သိန္းခန္႔ ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္သည္။

အဆိုပါလူသတ္မႈအား ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ)၇၉၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၉၄ ျဖင့္ အမႈဖြင့္စစ္ေဆးေနျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှုကျူးလွန်သူအား နှစ်ရက်အတွင်းဖမ်းမိ
************
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်သာယာရပ်ကွက်ရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက်မှ လေးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူ ဆေးတိုက်ပိုင်ရှင်၏ မောင်နှမဝမ်းကွဲတော်စပ်သူအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ နံနက် (၇)နာရီတွင် ကျောက်မဲမြို့၊ အထက်မြင်းကွင်းကျေးရွာနေအိမ်၌ ဖမ်းဆီးရမိထားကြောင်းသိရသည်။

ဆေးတိုက်ပိုင်ရှင်ဒေါ်အေးရွှေ၏ မောင်နှမဝမ်းကွဲတော်စပ်သူ တင်အုန်း(ခ)အိုက်အုံးအား အစစ်ခံဖော်ထုတ် ချက်အရ အမှုမှ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာနီးပါးခန့်နှင့် ငွေ(၇)သိန်း(၂)သောင်းကျပ်တို့ကို ၎င်း၏ နေအိမ်မှ ၂၀၁၉ ခုနှစ် မေလ (၁)ရက်နေ့တွင် အထူးအမှုစစ်အဖွဲ့မှ ရှာဖွေဖော်ထုတ်သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

ကနဦးစစ်ကြောချက်အရ မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနှင့် မောင်နှမဝမ်းကွဲတော်စပ်သူ တင်အုန်း(ခ)အိုက်အုံးသည် မူးယစ်ဆေးဝါးစွဲနေသူတစ်ဦးဖြစ်ပြီး ဒေါ်အေးရွှေနှင့် အမွေခွဲမည်ဆိုပါက တင်အုန်း(ခ)အိုက်အုံး၏သား စိုင်းဝင်းမောင်နှင့် ယခုသေဆုံးသူ ဒေါ်အေးရွှေ၏ မွေးစားသမီး မနန်းခမ်းလှိုင်တို့ အတူခွဲဝေယူရမည်ဖြစ်သော်လည်း မနန်းခမ်းလှိုင်မှာ မွေးစားမိခင်နှင့်အနေနီးသဖြင့် သားဖြစ်သူ အမွေရနည်းမည်ကို စိုးရိမ်ခြင်းနှင့် ၎င်းကိုယ်တိုင်ငွေလိုနေခြင်းတို့ကြောင့် ကျူးလွန်ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

လူသတ်မှုကျူးလွန်ရန် ၎င်းမှ အဓိကစီမံဦးဆောင်ပြီး ကျန်လူများအကူအညီဖြင့် သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ကျန်တရားခံအား ဆက်လက်ဖမ်းဆီးရမိရေးနှင့် ကျန်ရှိသက်သေခံ ပစ္စည်းများထပ်မံသိမ်းဆည်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ဧပြီလ (၂၈)ရက်နေ့က ဒေါ်အေးရွှေ၏သားမက်ဖြစ်သူ စိုင်းဆေမွန်(ခ)ဆေမွန်၊ သမီးဖြစ်သူ မနန်းခမ်းလှိုင်နှင့် မြေးဖြစ်သူ စိုင်းဖဖတို့အပြင် အိမ်အကူ မအေးမိုးတို့အား အသတ်ခံရပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ (၁၅)မျိုး၊ ငွေကျပ်သိန်း (၄၀)အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်(၁၅၅၇) သိန်းခန့် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါလူသတ်မှုအား တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net