လွိုင်ကော်မြို့တွင် ကားတစ်စီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိသည့် အသံကြောင့် အာဏာသိမ်းစစ်တပ်က အလန့်တကြား ရမ်းသမ်းပစ်ခတ် 

လွိုင်ကော်မြို့တွင် ကားတစ်စီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိသည့် အသံကြောင့် အာဏာသိမ်းစစ်တပ်က အလန့်တကြား ရမ်းသမ်းပစ်ခတ် 
သြဂုတ် 24, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်တပ်ဘက်မှ ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရခြင်းမှာ ကားတစ်စီး လမ်းဘေး ဓါတ်တိုင်ဝင်တိုက်မိသည့် အသံကြောင့်ဖြစ်ကြောင်း PKPF က သတင်း ထုတ်ပြန်သည်။

ကားတစ်စီးက လမ်းဘေးဓါတ်တိုင် ဝင်တိုက်မိသည့်အသံကြားရပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်မှ အလန့်တကြား သေနတ်ပစ်ခတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့တွင်လည်း လွိုင်ကော်မြို့ပေါ်၌ ည (၈)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်မထွက်ကြရန် အာဏာသိမ်းအဖွဲ့၏ အုပ်ချုပ်ရေးက လိုက်လံသတိပေးနေကြောင်း သိရသည်။

#TachileikNewsAgency