ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းနှစ်ခု၏ ၂ နှစ်ပြည့် အခမ်းအနားပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းနှစ်ခု၏ ၂ နှစ်ပြည့် အခမ်းအနားပြုလုပ်
ဇူလိုင် 17, 2023 | 2021 Military Coup| ကယား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း အမှတ်(၆)နှင့် အမှတ်(၇)တို့၏ (၂)နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်နယ်တစ်နေရာတွင် ဇူလိုင်လ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလံအလေးပြုခြင်း၊ တော်လှန်ရေးတွင် ကျဆုံးသွားသည့် အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်းနှင့် ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ဒုစစ်ဦးချုပ်-မာဝီ၊ အတွင်ရေးမှူး ၂၊ တပ်ရင်းမှူး နှင့် ဒု-တပ်ရင်းမှူး တို့မှ မိန့်ခွန်းများပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်များအနေဖြင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည့်တိုင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာ ပြုခဲ့ကြကြောင်းသိရသည်။

#TachileikNewsAgency

Photo : KNDF-(B-06, B-07)