ကျောက်မဲမြို့၏ (၄)ဦးမြောက် Covid-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့၍ ဆေးရုံမှဆင်း

ကျောက်မဲမြို့၏ (၄)ဦးမြောက် Covid-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့၍ ဆေးရုံမှဆင်း
နိုဝင်ဘာ 1, 2020
By Tachileik News Agency
ကျောက်မဲမြို့၏ (၄)ဦးမြောက် Covid-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့၍ ဆေးရုံမှဆင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၏ (၄)ဦးမြောက် Covid-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့၍ နိုဝင်ဘာလ(၁)ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 အတွင်း ကျောက်မဲ ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကျောက်မဲဒေသခံ အသက် ၂၄ နှစ် အရွယ် ပိုးတွေ့လူနာ အမျိုးသမီး တစ်ဦး ရောဂါသက်သာ ပျောက်ကင်း၍ နိုဝင်ဘာလ ၁ ရက် နေ့တွင် ဆေးရုံ မှ ဆင်းပြီး နေအိမ်၌ ပြန်နေရပြီဟု သိရသည်။

"ရောဂါပျောက်ကင်း သက်သာလို့ ဒီနေ့ တစ်ဦးဆေးရုံဆင်းပါပြီ၊ သူ့နေအိမ်ကိုပဲ ပြန်ပို့ပေးထားပါတယ်၊ Isolation Ward ထဲမှာ လက်ရှိ ကုသနေတာ (၂)ဦး ရှိပါတယ်"ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ခရိုင် ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တစ်ခုတွင် အလုပ် လုပ်ပြီး အောက်တိုဘာ (၉)ရက်က ကျောက်မဲမြို့သို့  ပြန်ရောက်လာသော အသက် (၂၄)နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးအား အထက(၃)တွင် Quarantine  ထားရှိကာ တို့ဖတ် နမူနာရယူ စစ်ဆေးခဲ့ရာမှ အောက်တိုဘာ (၁၈)ရက်နေ့က Covid-19 ပိုးတွေ့ရှိကြောင်း အဖြေရသည့်အတွက် Quarantine  မှ တဆင့်  isolation ward သို့ ပြောင်းရွှေ့ကုသခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~