စစ်ကောင်စီတပ်စခန်းများကို TNLA ယနေ့ထပ်သိမ်းပြီးနောက် နမ့်ခမ်းမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းများတွင်တပ်စွဲ

စစ်ကောင်စီတပ်စခန်းများကို TNLA ယနေ့ထပ်သိမ်းပြီးနောက် နမ့်ခမ်းမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းများတွင်တပ်စွဲ
နိုဝင်ဘာ 5, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မန်တုံ၊ နမ္မတူမြို့တို့ရှိ စစ်ကောင်စီတပ်တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့၊ မိုင်းဝီးရွာရှိ စစ်ကောင်စီ၏ မန်ဝင်းတပ်စခန်း၊ နမ့်ခမ်းမြို့ မန်ပူးကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ မန်တုံမြို့ ခိုမုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် နမ္မတူမြို့ ပန်သပြေရှိ စစ်ကောင်စီတပ်စခန်းတို့အပြင် နမ့်ခမ်းမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းများကို သိမ်းပိုက်ပြီး TNLAက စခန်းအထိုင်ချထားကြောင်း သိရသည်။

ထို့အပြင် လားရှိုးမှ သိန္နီသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကား (၄)စီးကိုလည်း TNLAက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းနှင့် ကား(၄)စီးလုံးအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း (၁၂၀)ကျော်နှင့် မြို့(၃)မြို့ကို မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency

Photo :News & Information Department