ကျိုင်းတုံမြို့တွင် (၂၅)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၁၀၀)ဦး တိတိ ရှိလာ

ကျိုင်းတုံမြို့တွင် (၂၅)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၁၀၀)ဦး တိတိ ရှိလာ
ဇူလိုင် 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် Covid-19 တတိယလှိုင်းအတွင်း  Covid-19 ကူးစက်ခံရသူ (၁၀၀)ဦးမြောက်အဖြစ်  ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် (၁)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် (၉)ဦးကို စစ်ဆေးရာ လားဟူမလေး ဖုန်းဆိုင် နှင့် ထိတွေ့ဆက်စပ်မှုရှိသည့် အမျိုးသားတစ်ဦးထံမှ Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအား ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့က စတင်ရာ ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့ နံနက်ပိုင်းအထိ စုစုပေါင်း (၁၀၀)ဦးတိတိ ရှိလာရာတွင် စောင့်ကြည့်ကုသဆောင်ကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၂၁)ဦးရှိပြီး (၆၄)ဦးကို ဆေးရုံကြီး နှင့် သူနာပြုကျောင်းတို့တွင် ထားရှိကာ (၁၅)ဦးကိုတော့ စစ်ဆေးရုံတွင် ထားရှိကြောင်း သိရသည်။