နယ်စပ်ဒေသ တာချီလိတ်၌ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် အမျိုးသမီးလူနာတစ်ဦး မတ်လ(၂၇)ရက်နေ့တွင် ထပ်တိုး

နယ်စပ်ဒေသ တာချီလိတ်၌ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် အမျိုးသမီးလူနာတစ်ဦး မတ်လ(၂၇)ရက်နေ့တွင် ထပ်တိုး
မတ် 27, 2020
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်၌ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် အမျိုးသမီးလူနာတစ်ဦး မတ်လ(၂၇)ရက်နေ့တွင် ထပ်တိုး

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ (၁)ဦး ထပ်တိုးလာပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေဆဲလူနာ (၃)ဦးရှိနေသည်။

ဒီနေ့ စောင့်ကြည့်လူနာတစ်ဦးထပ်တိုးတာက သူက ဘန်ကောက်ဘက်က ပြန်လာတယ် နောက် ဖျားတယ်၊ ချောင်းဆိုးတယ်ဆိုလို့ စောင့်ကြည့်လူနာသတ်မှတ်ထားတာပါ။ အခုလက်ရှိ စောင့်ကြည့်လူနာ (၃)ဦးကတော့ ဒီနေ့ ဓါတ်ခွဲအဖြေစောင့်နေတယ်။

ဟု တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၇)ရက်နေ့ ညပိုင်းက ပြောသည်။

ဘန်ကောက်မှ မတ်လ (၂၂)ရက်နေ့က ပြန်လာသည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းမှ အမျိုးသမီးတစ်ဦးသည် ချောင်းဆိုးသည်မှာ (၁၅)ရက်ခန့်ရှိပြီး ဖျားနေသဖြင့် စောင့်ကြည့်လူနာအဖြစ် မတ်လ (၂၇)ရက်နေ့တွင် ဆေးရုံရှိ သီးခြားစောင့်ကြည့်ကုသခန်းတွင် ထားရှိကုသပေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မတ်လ (၂၇)ရက်နေ့အထိ စောင့်ကြည့်လူနာစုစုပေါင်း (၁၈)ဦးရှိခဲ့သည့် အနက် ဓါတ်ခွဲအဖြေရပြီးသူ (၁၄)ဦး၊ ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ (၃)ဦးနှင့် ဓါတ်ခွဲပို့စစ်ရမည့်သူ (၁)ဦးရှိနေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရေးအတွက် ဒေသတွင်း လူစုလူဝေ းအခမ်းအနားပြုလုပ်ခြင်းအား တားမြစ်ခြင်း၊ အများပြည်သူနှင့်ဆိုင်သည့်နေရာများ၌ ပိုးသတ်ဆေးဖြန်းခြင်း၊ လူသွားလူလာများသည့်နေရာများ၌ လက်ဆေးကန်များ ထားပေးခြင်း၊ နိုင်ငံရပ်ခြားမှ ပြန်လာသူများ နေအိမ်တွင် (၁၄)ရက်သီးခြားနေထိုင်ပြီး ကျန်းမာရေးအခြေအနေထူးခြားပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ရန်နှင့် လူထုအနေဖြင့် ရောဂါကာကွယ်ရေးကာလအတွင်း အရေးပေါ်ဆက်သွယ်ရမည့် ဒေသတွင်းမှ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များ ဖြန့်ဝေခြင်းများကို လုပ်ဆောင်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~