မကွေးမြို့နယ်အတွင်း တစ်နေ့တည်း ပိုးတွေ့သူ (၁၁၇)ဦးတွေ့ရှိရာ ဝန်ထမ်းနှင့်မိသားစုဝင် (၈၀)နီးပါး ပါဝင်နေ

Photo: KS Rescue အသင်း
Photo: KS Rescue အသင်း
မကွေးမြို့နယ်အတွင်း တစ်နေ့တည်း ပိုးတွေ့သူ (၁၁၇)ဦးတွေ့ရှိရာ ဝန်ထမ်းနှင့်မိသားစုဝင် (၈၀)နီးပါး ပါဝင်နေ
ဇူလိုင် 7, 2021 | Covid-19

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ယနေ့ ဇူလိုင်လ(၇)ရက်နေ့ တစ်နေ့တည်း Covid-19 ပိုးကူးစက်ခံထားရသူ (၁၁၇)ဦးတိုးရာတွင်  အစိုးရဝန်ထမ်း နှင့် မိသားစုဝင်စုစုပေါင်း (၈၀)နီးပါး ပါဝင်ကြောင်း သိရသည်။

မကွေးမြို့နယ်မှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအနေဖြင့် တိုင်းစာရင်းရုံး ဝန်ထမ်း (၁) ဦး၊  တိုင်းလျှပ်စစ်ဝန်း ဝန်ထမ်း မိသားစု (၄) ဦး၊ နတ်မောက်လမ်းမှ  လျှပ်စစ်ဝန်း ဝန်ထမ်း မိသားစု (၁) ဦး၊ မကွေး စီးပွားရေးဘဏ် ဝန်ထမ်း (၁၂) ဦး၊ အစိုးရဝန်ထမ်း မိသားစုများ (၆၀) ဦး တို့ ပါဝင်ကြောင်း သိရသည်။

မကွေးမြို့ပေါ်ရပ်ကွက်နှင့် ဒေသများအနေဖြင့် မကွေး ဆားစည့် ရပ်ကွက် (၂) ဦး၊ ကံသာ ရပ်ကွက် (၁) ဦး၊ မြင်သာ ၂၃ လမ်းမှ  (၁) ဦး၊ မြင်သာ ၂၈ လမ်းမှ  (၂) ဦး၊ ရန်နိုင် ၃၁ လမ်းမှ  (၄) ဦး၊ ရွှေညောင် ၁ မှ (၁) ဦး၊ ရန်မျိုးနိုင် ၃ လမ်းမှ  (၁) ဦး၊ ရွှေညောင်၂ မှ  (၁) ဦး၊ ပြည်တော်သာအိမ်ယာ (၂) ဦး၊ ရန်ပယ် ၂၁ လမ်းမှ  (၁) ဦး၊ အောင်မေတ္တာရပ်ကွက် (၈) ဦး၊   ရန်မျိုးအောင်ရပ် အဝေရာလမ်းမှ  (၂) ဦး၊  တောင်တွင်းကြီးမြို့ မှ (၁) ဦး(ခရီးသွား)၊ မင်းဘူး ရွှေရောင်မြေ မှ (၁၁) ဦး၊ မကွေးမြို့နယ် ဆားတိုင်ကန်ရွာ မှ (၁) ဦးတို့ ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရသူ၏ အရေအတွက်နှင့် နေထိုင်ရာများကို KS Rescue အသင်း က ဖော်ပြပေးထားခြင်း ဖြစ်ပြီး သက်ဆိုင်ရာများကို ထိတွေ့မှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၇)ရက်နေ့တွင် အနံ့ပျောက်နှင့် သံသယလူနာများပို့ဆောင်ခြင်း နှင့် ပိုးတွေ့ လူနာများအား  ပြန်လည်ပို့ဆောင်ခြင်းတို့ကိုအဖြစ် KS Rescue အသင်း၊ ရောင်စုံမေတ္တာ အသင်း နှင့် ခေမာ လူမှုကူညီရေးအသင်းတို့က အရေးပေါ်လူနာတင်ယာဉ်များဖြင့် ကုသဆောင်များသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency

Photo: KS Rescue အသင်း