ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် COVID 19 ပိုးတွေ့သည့် ထိုင်းအမျိုးသမီးသည် နိုဝင်ဘာ (၂၄) ရက်နေ့က တာချီလိတ်ဘက်မှ ဝင်လာသူဖြစ်ကြောင်း ထိုင်းကျန်းမာရေးထုတ်ပြန်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် COVID 19 ပိုးတွေ့သည့် ထိုင်းအမျိုးသမီးသည် နိုဝင်ဘာ (၂၄) ရက်နေ့က တာချီလိတ်ဘက်မှ ဝင်လာသူဖြစ်ကြောင်း ထိုင်းကျန်းမာရေးထုတ်ပြန်
နိုဝင်ဘာ 28, 2020
By Tachileik News Agency

 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် COVID 19 ပိုးတွေ့သည့် ထိုင်းအမျိုးသမီးသည် နိုဝင်ဘာ (၂၄) ရက်နေ့က တာချီလိတ်ဘက်မှ ဝင်လာသူဖြစ်ကြောင်း ထိုင်းကျန်းမာရေးထုတ်ပြန်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် COVID 19 ပိုးတွေ့ရသည့် အသက် (၂၉) နှစ်အရွယ် ထိုင်းအမျိုးသမီးသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်က တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ အခြားသူတစ်ဦးနှင့်အတူ နယ်စပ်မှ တရားမဝင်ဖြတ်၍ ပြန်လာသူဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထိုင်းအမျိုးသမီးသည် နိုဝင်ဘာလ (၂၃)ရက်နေ့က  တာချီလိတ်ဘက်တွင်အလုပ်လုပ်နေစဉ် ခေါင်းကိုက်ဖျားနာခြင်းနှင့် ဝမ်းလျှောခြင်းဝေဒနာများကို စတင်ခံစားခဲ့ရခြင်းဖြစ်ပြီး နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက် (၅)နာရီအချိန်တွင် မယ်ဆိုင်ဘက်ကူးသွားကာ မယ်ဆိုင်မှ ချင်းရိုင်းသို့ မှန်လုံကားငှားရမ်းသွားခဲ့ပြီးနောက် ချင်းမိုင်သို့ ဘတ်စ်ကားဖြင့် ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
ချင်းမိုင်သို့ ပြန်ရောက်ချိန်တွင် သူငယ်ချင်းများနှင့် ညပိုင်းဖျော်ဖြေရေးနေရာများသို့ သွားရောက်ခဲ့သည့်အပြင် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များသွားခဲ့သည့်အပြင် ရုပ်ရှင်လည်းကြည့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအနေဖြင့် သွားလာရာနေရာအားလုံးတွင် Mask တပ်ထားကြောင်း CCTV မှတ်တမ်းများတွင် တွေ့ရသည်ဟု သိရသည်။
ယင်းနောက် နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေ (၃)နာရီခွဲတွင် ဆေးရုံသို့သွားရာမှ COVID 19 ကူးစက်ခံထားရသည်ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့သူ (၃၂၆)ဦးရှိကြောင်း သိရသည်။ 
မြန်မာနိုင်ငံဘက်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများ တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ တရားဝင်ပြန်ဝင်ပါက အသွားအလာကန့်သတ်ထားရှိပြီး COVID 19 စစ်ဆေးပေးနေခြင်းဖြစ်သော်လည်း နယ်စပ်မှ တရားမဝင် ခိုးဝင်မှုများလည်း ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
Source: onenews31
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~