တောင်ကြီးမြို့တွင် COVID 19 သံသယရှိသူများ အနေဖြင့် ကျပ်တစ်သောင်းပေး၍ RDT ဖြင့် စစ်ဆေးနိုင်

Photo: တောင်ကြီး ထွေအုပ်
Photo: တောင်ကြီး ထွေအုပ်
တောင်ကြီးမြို့တွင် COVID 19 သံသယရှိသူများ အနေဖြင့် ကျပ်တစ်သောင်းပေး၍ RDT ဖြင့် စစ်ဆေးနိုင်
ဇူလိုင် 4, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မိမိကိုယ်ကိုယ် သံသယဖြစ်၍  COVID 19 စစ်ဆေးလိုပါက တစ်ဦးလျှင် ကျပ်ငွေတစ်သောင်းဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှစ၍ အစစ်ဆေးခံနိုင်သည်ဟု သိရသည်။

RDT Test Kit ဖြင့် COVID 19 စစ်ဆေးပေးခြင်းကို သစ်တောရပ်ကွက်ရှိ အစိုးရအဖွဲ့ရုံးဟောင်းနေရာတွင် နေ့စဉ် နံနက် (၉) နာရီခွဲမှ နေ့လယ် (၁၂) နာရီအထိတစ်ကြိမ်၊ နေ့လယ် (၁)နာရီမှ (၃)နာရီခွဲအထိတစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ်စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အာဏာသိမ်းမှုကိုဆန့်ကျင်မှုများအား ဖိနှိပ်ရေးကို အလေးထား လုပ်နေစဉ် ကာလအတွင်း COVID 19 တတိယလှိုင်းဖြစ်ပွားလာခြင်းဖြစ်ကာ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ အတည်ပြုလူနာတွေ့ရှိမှု များပြားနေသည်ကိုလည်း တွေ့ရသည်။