တန့်ယန်းမြို့တွင် Covid-19 ပိုးတွေ့ နှင့်  သံသယလူနာ  အမျိုးသမီး (၂)ဦး တစ်နေ့တည်း သေဆုံး

Photo: တန့်ယန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့
Photo: တန့်ယန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့
တန့်ယန်းမြို့တွင် Covid-19 ပိုးတွေ့ နှင့်  သံသယလူနာ  အမျိုးသမီး (၂)ဦး တစ်နေ့တည်း သေဆုံး
ဇူလိုင် 3, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် Covid-19 ပိုးကူးစက်ခံထားရသူ နှင့် သံသယလူနာ စုစုပေါင်း အမျိုးသမီး(၂)ဦး ယနေ့ ဇူလိုင်လ(၃)ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

ရပ်ကွက်(၄)က ဆုံးသွားတဲ့ အမျိုးသမီးကတော့ သေသွားမှ စစ်ကြည့်တော့ ကိုဗစ်တွေ့တာ။ ရပ်ကွက်(၁၀)က အမျိုးသမီးကတော့ ဒီနေ့ဆုံးတယ် ဒါပေမဲ့ သူ့ကို စစ်တဲ့အခါမှာတော့ ကိုဗစ်မတွေ့ပေမဲ့ ကျန်းမာရေးကတော့ သံသယလူနာလို့ သတ်မှတ်ထားတယ်

ဟု တန့်ယန်းဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တန့်ယန်းမြို့ ရပ်ကွက်(၄)မှ အမျိုးသမီးမှာ နံနက်ပိုင်းက သေဆုံးသွားခြင်းဖြစ်ပြီး ရပ်ကွက် (၁၀)ရှိ အသွားအလာကန့်သတ်ထားရှိသော နေအိမ်မှ သံသယလူနာသည် အမျိုးသမီးသည် နေ့လည်ပိုင်းက ရုတ်တရက် သေဆုံးသွားခြင်း ဖြစ်၍  တန့်ယန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က သွားရောက် ကူညီပေးထားကြောင်းလည်း သိရသည်။

တန့်ယန်းမြို့တွင် ဇူလိုင်လ(၃)ရက်နေ့အထိ သေဆုံးသူများမှာ အမျိုးသမီး (၃)ဦး နှင့် အမျိုးသား(၂)ဦး စုစုပေါင်း (၅)ဦး ရှိရာတွင် Covid-19 ကူးစက်ခံရသူ (၄)ဦး နှင့် သံသယလူနာ (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။



တန့်ယန်းမြို့တွင် ဇူလိုင်လ(၃)ရက်နေ့အထိ Covdi-19 ကူးစက်ခံရသူ (၄၀)နီးပါးရှိနေသည်ဟု သိရသည်။