သီပေါမြို့တွင် မော်တော်ယာဉ်ဖြင့် တရားမ၀င်သစ် သယ်ဆောင်လာသူ (၄)ဦးကို ဖမ်းဆီးရမိ

သီပေါမြို့တွင် မော်တော်ယာဉ်ဖြင့် တရားမ၀င်သစ် သယ်ဆောင်လာသူ (၄)ဦးကို ဖမ်းဆီးရမိ
သွဂုတျ 27, 2018
By Tachileik News Agency






သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ -  ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

တရားမဝင်သစ်သယ်ဆောင်လာသည့် ခြောက်ဘီးယာဉ်(၂)စီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးဘေး စားသောက်ဆိုင်ရှေ့တွင် ရပ်ထားစဉ် သယ်ဆောင်လာသူ (၄)ဦးနှင့်အတူ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် သစ်တောဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၆)ရက်နေ့ ည (၁၁)နာရီဝန်းကျင်တွင် ပုံမှန် လှည့်ကင်းဆောင်ရွက်ရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

"ရဲတပ်ဖွဲ့နဲ့ သစ်တောဌာန ပါဝင်တဲ့ ပုံမှန်ပြုလုပ်နေတဲ့ လှည့်ကင်းအဖွဲ့က တွေ့ရှိ ဖမ်းဆီးခဲ့တာပါ သစ်တင်ယာဉ် နှစ်စီးပေါ်မှာ ပါတဲ့ အမျိုးသား ၄ ဦးကို သီပေါမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူ ထားပါတယ်"ဟု သီပေါမြို့နယ်သစ်တောဦးစီးဌာနမှ မနွဲ့နွဲ့ဝင်း က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မော်တော်ယာဉ်(၂)စီးတွင် ပိတောက်ဓားရွေတုံး စုစုပေါင်း ကုဗတန် (၄.၃၁၆) တန်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရသည်။

သစ်သယ်လာသည့် မော်တော်ယာဉ်(၂)စီး၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄)ဦးကို သီပေါမြို့မ ရဲစခန်းတွင် (ပ)၁၁၅/၁၁၆/ ၂၀၁၈ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~