တောင်ကြီးမြို့ရှိ တောင်လေးလုံး(ခေါင်တိုင်လမ်း)ခွဲတွင် Covid-19 စစ်ဆေးရေး ဖွင့်လှစ်ထားပြီး ခရီးသွားရာဇဝင်များ ကောက်ခံမှု စတင်

တောင်ကြီးမြို့ရှိ တောင်လေးလုံး(ခေါင်တိုင်လမ်း)ခွဲတွင် Covid-19 စစ်ဆေးရေး ဖွင့်လှစ်ထားပြီး ခရီးသွားရာဇဝင်များ ကောက်ခံမှု စတင်
ဇွန် 29, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် တောင်လေးလုံး(ခေါင်တိုင်လမ်း)ခွဲတွင် တောင်ကြီးမြို့တွင်းသို့ ဝင်ရောက်လာသူများကို စစ်ဆေးနိုင်ရန်အတွက် Covid-19 စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး စစ်ဆေးမှု ဇွန်လ(၂၉)ရက်နေ့တွင် စတင်နေကြောင်း သိရသည်။

တောင်ကြီးမြို့တွင်းသို့ ဝင်ရောက်လာမည့် ခရီးသည်များ၊ ကုန်တင်ယာဉ်များ၊ အိမ်စီးကားများ အားလုံးကို တောင်လေးလုံး(ခေါင်တိုင်လမ်း) Covid-19 ဂိတ်တွင် စစ်ဆေးပေးနေပြီး ခရီးသွားရာဇဝင်များရယူခြင်း ကိုယ်အပူချိန်တိုင်းတာခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင်းသို့ Stay at Home ဒေသများမှ လာရောက်သူများ အပြင် ပိုးတွေ့လူနာနှင့်အတူပါလာသည့် ထိတွေ့လူနာများကို Quarantine (၁၀)ရက်ထားပြီး Covid-19 ရှိမရှိ ကို Quarantine ထားပြီးသည့် (၃)ရက်မြောက်နေ့တွင် RDT Test Kit နှင့် စစ်မည်ဖြစ်ပြီး (၇)ရက်မြောက်နေ့တွင် PCR စနစ်ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အသိပေးထားရှိသည်။



Photo: တောင်ကြီး ထွေအုပ်