တောင်ကြီးမြို့ရှိ အထက(၁)တွင် ကျောင်းသားတစ်ဦး၌ Covid-19 တွေ့၍ စာသင်ခန်း တစ်ခန်းကိုသာ ယာယီပိတ်

Photo: Htun Nay Moe
Photo: Htun Nay Moe
တောင်ကြီးမြို့ရှိ အထက(၁)တွင် ကျောင်းသားတစ်ဦး၌ Covid-19 တွေ့၍ စာသင်ခန်း တစ်ခန်းကိုသာ ယာယီပိတ်
ဇွန် 28, 2021 | ပညာရေး| Covid-19

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်  COVID 19 ကူးစက်ခံရသည့် ကျောင်းသားတစ်ဦးတွေ့ရသည့်အတွက် ၎င်းတက်ခဲ့သည့် Grade 3 အတန်း စာသင်ခန်းကို ယာယီပိတ်ထားသော်လည်း ကျောင်းကို ဆက်လက်ဖွင့်ထားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ဇွန်လ (၂၇) ရက်နေ့ ညပိုင်းက အာဏာသိမ်းအဖွဲ့၏ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ အတည်ပြုလူနာ (၃၄) ဦးတွေ့ရှိထားခြင်းဖြစ်သည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို လုပ်နိုင်ခြင်း မရှိတော့ဘဲဖြစ်နေရာ ဇွန်လအတွင်း COVID 19 အတည်ပြုလူနာတွေ့ရှိမှုများလာနေပြီး ဇွန်လ (၂၇) ရက်နေ့၏ တစ်နေ့အတွင်း အတည်ပြုလူနာ (၈၀၄)ဦးတိုးသည်ဟု အာဏာသိမ်းအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။