လွိုင်ကော်မြို့တွင်း သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေ

လွိုင်ကော်မြို့တွင်း သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေ
မေ 27, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့ ည (၁၁) ကျော်ဝန်းကျင်မှစ၍ သေနတ်ပစ်ခတ်သံများနှင့် လက်နက်ကြီးပစ်သံအချို့ကို ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

တစ်ချို့ရပ်ကွက်တွေမှာ မီးပျက်သွားတယ်။ ပြီးတော့ သေနတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ ကျွန်တော့် ရပ်ကွက်လည်း မီးပျက်တယ်။ အတွဲလိုက်ကို ပစ်တာ

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ​ပြောသည်။

လွိုင်ကော်မြို့တွင်းရှိ ရပ်ကွက်များတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က လိုက်လံပစ်ခတ်မှုများရှိနေသည့်အပြင် လက်နက်ကြီး ပစ်ခတ်သံအချို့ပါ ကြားနေရပြီး မြို့တွင်း၌ လျှပ်စစ်မီးပါ ဖြတ်ထားကြောင်း သိရသည်။