မိုင်းဖြတ်မြို့မှ CDM ဆရာ၊ဆရာမ (၄၉)ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

မိုင်းဖြတ်မြို့မှ CDM ဆရာ၊ဆရာမ (၄၉)ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမ (၄၉)ဦးကို အာဏာသိမ်းစစ်တပ်အဖွဲ့၏ လက်အောက်ဌာနက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ CDM လုပ်ဆောင်ထား၍ တာဝန်မှ ယာယီရပ်ဆိုင်းထားသည့် ဆရာ၊ဆရာမများမှာ တာချီလိတ်မြို့နယ်မှ (၂၇၆)ဦး၊ မိုင်းဖြတ်မြို့နယ်မှ (၄၉)ဦး နှင့် မိုင်းယောင်းမြို့နယ်မှ (၇၂)ဦး စုစုပေါင်း (၃၉၇)ဦး ရှိကြောင်း သိရသည်။

CDM လုပ်ဆောင်ထားသော်လည်း တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည့် စာရင်းများတွင် ပါဝင်လာခြင်းမရှိသည့် ဆရာ၊ဆရာမအချို့၏ စာရင်းများလည်း ကျန်ရှိ နေခြင်းနှင့် ပတ်သက်၍ အချို့ကျောင်းအုပ်များက အမည်စာရင်းကို မထည့်ပဲ ချိန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ကြားသိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးတွင် တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် CDM ဆရာ၊ ဆရာမ စုစုပေါင်း (၈၉၂)ဦး ရှိနေသည်။