ကျောက်မဲမြို့  စိန်ကျောက်တောင်ဘုန်းကြီးကျောင်းရှိ စူဠာမဏိစေတီတော် မိုးကြိုးထိမှန်ပြီး ထီးတော် မြေခ

ကျောက်မဲမြို့  စိန်ကျောက်တောင်ဘုန်းကြီးကျောင်းရှိ စူဠာမဏိစေတီတော် မိုးကြိုးထိမှန်ပြီး ထီးတော် မြေခ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၄) ရက်နေ့အကူးပိုင်းက စိန်ကျောက်တောင်ဘုန်းတော်ကြီး ကျောင်းတိုက်ဝန်းအတွင်းရှိ စူဠာမဏိစေတီတော်ကို မိုးကြိုးပစ်၍ ထီးတော်မြေခသွားကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ယနေ့ နံနက်ပိုင်းက မိုးရွာသွန်းစဉ် အမှတ် (၂) ရပ်ကွက်ရှိ စိန်ကျောက်တောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ ကုန်းပေါ်တွင် တည်ရှိသည့် စေတီတော်ကို နံနက် (၁) နာရီခွဲဝန်းကျင်က မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မိုးကြိုးထိမှန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရပြီး စေတီထီးတော်ကို  ဝါကျွတ်ကာလတွင် ပြန်လည်ပြုပြင်မွန်းမံရန် ဆရာတော်က စီစဉ်နေပြီး လှူဒါန်းလိုသူများ ဖုန်း 09 424048998 သို့ ဆက်သွယ် လှူဒါန်းနိုင်ကြကြောင်း သိရသည်။