မူဆယ်မြို့နယ်တွင်း မော်တောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် မော်တော်ယာဉ်ငယ် (၂)စီး မီးလောင် 

မူဆယ်မြို့နယ်တွင်း မော်တောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် မော်တော်ယာဉ်ငယ် (၂)စီး မီးလောင် 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၄) ရက်နေ့ နံနက် (၅)နာရီခွဲဝန်းကျင်က ယာဉ်ငယ် (၂) စီး မီးလောင်ပျက်စီးနေကြောင်း သိရသည်။

မူဆယ်မြို့နှင့် နမ့်ဖတ်ကာကျေးရွာကြားရှိ မော်တောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြင်တွေ့ရခြင်းဖြစ်ပြီး မေလ (၂၃) ရက်နေ့ ညပိုင်းက ၎င်းနေရာအနီး ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

အဆိုပါနေရာတွင် ညပိုင်းက မည်သည့်အဖွဲ့အစည်းတို့ ပစ်ခတ်မှုဖြစ်ပွားသည်ဆိုသည်ကို အတိအကျမသိရသော်လည်း နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

Photo: CJ