တာချီလိတ်မြို့တွင် ယနေ့ ညပိုင်း စစ်ဆေးနေပြီး အကြောင်မဲ့ ဖမ်းဆီးခံရသည့် လူငယ်အနည်းဆုံး (၅)ဦးအထိ ရှိနေ

တာချီလိတ်မြို့တွင် ယနေ့ ညပိုင်း စစ်ဆေးနေပြီး အကြောင်မဲ့ ဖမ်းဆီးခံရသည့် လူငယ်အနည်းဆုံး (၅)ဦးအထိ ရှိနေ
မေ 22, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ရွှေတိဂုံစေတီအဆင်းလမ်းတွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၂၂)ရက်နေ့ ညပိုင်းတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ည(၉)နာရီအချိန်အထိ လတ်တလော၌ လူငယ်(၄)ဦးကို ဖမ်းထားပြီး သံကြိုးများဖြင့် ချီကာ ထိုင်ခိုင်းထားကြောင်း နှင့် နေရာပေါင်း (၂)နေရာတွင် ဖမ်းခံထားရသည့် လူငယ်မှာ အနည်းဆုံး (၅)ဦးအထိ ရှိနေကြောင်း သိရသည်။

လူငယ်တွေကို အဓိက စစ်နေတာ။ လူကြီးတွေရဲ့ ကားတွေကို မစစ်ဘူး။ လူငယ်တွေကိုပဲ အဓိက စစ်တယ်။ အခုစစ်နေတာ ရွှေတိဂုံအဆင်း လမ်းဆုံမှာပါ၊ အခုထိရှိသေးတယ် ဖမ်းပြီးထိုင်ခိုင်းထားပြီးတော့ သံကျိုးနဲ့ ချီထားတာ

ဟု မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ယနေ့ ည(၉)နာရီ (၁၀)မိနစ်အချိန်က ပြောသည်။

အလားတူပင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ဘက်တွင်လည်း  လူငယ်(၁)ဦး  လမ်းတွင် အကြောင်းမဲ့ ဖမ်းခံရကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် ဒေသတွင်း ခိုးဆိုးလုယက်သည့် ဒုစရိုက်မှုများထက် စစ်အာဏာရှင်ဆန့်ကျင်မှုများနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်၏ စရတ(စရဖ) နှင့် ရဲတို့က လိုက်လံရှာဖွေ စစ်ဆေးမှုများကိုသာ အဓိက ဦးစားပေးလုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။