တာချီလိတ်သို့ ဝင်လာသည့် နိုင်ငံခြားသားများ၏ ကျန်းမာရေးစစ်တမ်း ကောက်ယူ

တာချီလိတ်သို့ ဝင်လာသည့် နိုင်ငံခြားသားများ၏ ကျန်းမာရေးစစ်တမ်း ကောက်ယူ
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency
တာချီလိတ်သို့ ဝင်လာသည့် နိုင်ငံခြားသားများ၏ ကျန်းမာရေးစစ်တမ်း ကောက်ယူ

နယ်စပ်ဒေသ တာချီလိတ်မြို့မှာ ကိုရိုနာဗိုင်းရပ်  ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူတွေကို ကိုယ်အပူချိန်တိုင်းတာမှုတွေ ဆောင်ရွက်နေပြီး ကမ္ဘာလှည့်ခရီးသွားတွေနဲ့ တရုတ်နိုင်ငံသားတွေကို ကျန်းမာရေးစစ်တမ်းကောက်ယူမှုတွေပြုလုပ်နေရာမှာ ဘာသာ (၃) မျိုးပါတဲ့ စာရွက်တွေကို ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောပါတယ်။

နယ်စပ်ဝင်ပေါက်တွေမှာ ကျန်းမာရေးစစ်တမ်းတွေ ရေးသွင်းခိုင်းပြီး တရုတ်ပြည်ကနေ (၁၄) ရက်အတွင်း ပြန်လာသူဖြစ်ပါက သီးခြားစောင့်ကြည့်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဒေါက်တာဘစိုးသက်က ပြောပါတယ်။

အဓိက နယ်စပ်ဝင်ပေါက်တွေမှာ စာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေပြီး မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေကို ကောက်ယူမှုမရှိဘူးလို့ ဒေါက်တာဘစိုးသက်က ပြောပါတယ်။

 ကိုရိုနာဗိုင်းရပ်  ကာကွယ်ရေးအတွက် မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသတွေဖြစ်တဲ့ တာချီလိတ်ရှိ  မြန်မာ -ထိုင်းချစ်ကြည်ရေး တံတား(၁) နဲ့ တံတား(၂) အပါအဝင် ဝမ်ပုံဆိပ်ကမ်း နဲ့ တာချီလိတ်လေဆိပ် အပါအဝင်  ကျိုင်းလပ်မြို့ရှိ မြန်မာ - လာအို ချစ်ကြည်ရေး တံတားမှာလည်း စစ်ဆေးမှုတွေကို ပူးပေါင်းအဖွဲ့နဲ့ လုပ်ဆောင်နေကြပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~