ဖာပွန်ခရိုင်အတွင်း KNU နှင့် တိုက်ခိုက်မှုတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ (၃)ဦးသေဆုံး

ဖာပွန်ခရိုင်အတွင်း KNU နှင့် တိုက်ခိုက်မှုတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ (၃)ဦးသေဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) လူသောမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့က အင်အားဖြည့်ရန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့ဝင်များနှင့် KNLA ဖြင့် တိုက်ပွဲဖြစ်ပွားရာ အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ (၃) ဦး သေဆုံးကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က လူသောမြို့နယ် အတွင်းရှိ ဒဘောစူးနှင့် ခိုးလိုတံတား တာခဲဒအထိ စစ်အင်အားတိုးချဲ့ရန်နှင့် ရိက္ခာဖြည့်ဆည်းရန်အတွက် မေလ (၂၁) ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသည့် အမှတ်(၄၀၇)ခြေမြန်တပ်ရင်းနှင့် KNU တပ်မဟာ (၅)တပ်ဖွဲ့ဝင်များ မထောရွာတွင် တိုက်ပွဲဖြစ်ပွားရာ အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ (၃) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရရှိသွားသည့်အပြင် မော်တော်ယာဉ်တစ်စီးပါ ပျက်စီးသွားကြောင်း သိရသည်။

ဖာပွန်ခရိုင်အတွင်းရှိ KNU တပ်မဟာ (၅)နယ်မြေအတွင်းတွင် ဧပြီလအတွင်း စစ်ကောင်စီတပ်စန်း (၅) ခုကို တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက ကရင်ကျေးရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး အင်အားဖြည့်တင်းခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တပ်များက ပစ်ခတ်မှုကြောင့် မေလ (၂၀) ရက်နေ့ကလည်း ထိုင်းနိုင်ငံဘက်ခြမ်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ထိုင်းဘက်က သတိပေးခံထားရခြင်းဖြစ်သည်။