သီပေါမြို့တွင် စစ်ဘေးရှောင်များအား ရိက္ခာပို့ရန်ပြင်ဆင်နေသည့် လူငယ်အဖွဲ့ကို ဖမ်းဆီးပြီး ရိက္ခာပစ္စည်းနှင့်ကားကိုလည်း ယူဆောင်သွား

သီပေါမြို့တွင် စစ်ဘေးရှောင်များအား ရိက္ခာပို့ရန်ပြင်ဆင်နေသည့် လူငယ်အဖွဲ့ကို ဖမ်းဆီးပြီး ရိက္ခာပစ္စည်းနှင့်ကားကိုလည်း ယူဆောင်သွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့၌ ၂၀၂၁ ခုနှစ် မေလ (၁၉) ရက်နေ့တွင် စစ်ဘေးရှောင်များထံ ရိက္ခာပို့ရန်ပြင်ဆင်နေသည့် လူငယ်အဖွဲ့ကို ဖမ်းဆီးခံရပြီး ပစ္စည်းများနှင့် ကားကိုပါ ယူဆောင်သွားကြောင်း သိရသည်။



စစ်ဘေးရှောင်များထံ ပေးပို့မည့်ရိက္ခာများအား ကားပေါ်တင်နေစဉ် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ပစ္စည်းများတင်ထားသည့် ကားကိုပါ ယူသွားကာ စစ်နေကြောင်း သိရသည်။



လက်ရှိတွင် ကားငှားပေးသူအပါအဝင် စုစုပေါင်း (၁၀) ဦးကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်းသိရပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း သိရသည်။