မူဆယ်တွင် နေအိမ်အတွင်းဝင်၍ အိမ်ရှင်ကိုသတ်ပြီး ပစ္စည်းလုယူမှုဖြစ်ပွား

မူဆယ်တွင် နေအိမ်အတွင်းဝင်၍ အိမ်ရှင်ကိုသတ်ပြီး ပစ္စည်းလုယူမှုဖြစ်ပွား

 ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ် မေလ (၁၅) ရက်နေ့ ညနေပိုင်းက စွမ်ဆော်ရပ်ကွက်၊ စွမ်စော် (၃) လမ်းနှင့် (၄) လမ်းကြား ဈေးသစ်အရှေ့ဘက်ရှိ လူနေအိမ်တစ်လုံးတွင် နေထိုင်သည့် အသက် (၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံထားရပြီး နေအိမ်တွင်းမှ ပစ္စည်းများ ယူဆောင်ခံရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ မိုးကုတ်ဒေသခံတစ်ဦးဖြစ်ပြီး လက်ရှိတွင် မူဆယ်မြို့၌ နေထိုင်သူဖြစ်ကြောင်း သိရပြီး အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရဲကို တိုင်ကြားထားကြောင်း သိရသည်။