ကျောက်မဲမြို့တွင် မိုးသည်းထန်ပြီး တောင်ကျရေပါစီးဆင်းလာတိုင်း အနိမ့်ပိုင်းတွင် ‌ရေကြီးရေလျှံကာ ရွှံ့နှင့် နုန်းမြေများ ဝင်ရောက်မှုများ ဖြစ်ပေါ်

ကျောက်မဲမြို့တွင် မိုးသည်းထန်ပြီး တောင်ကျရေပါစီးဆင်းလာတိုင်း အနိမ့်ပိုင်းတွင် ‌ရေကြီးရေလျှံကာ ရွှံ့နှင့် နုန်းမြေများ ဝင်ရောက်မှုများ ဖြစ်ပေါ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၁၂) ရက်နေ့ နံနက်အစောပိုင်းက စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေလည်း စီးဆင်းလာကာ အနိမ့်ပိုင်းနေရာဖြစ်သည့် အမှတ်(၈) ရပ်ကွက်ရှိ  ကားကွင်းနှင့် ကျောက်မဲ - မိုင်းငေါ့လမ်းတစ်လျှောက် အနိမ့်ပိုင်းနေရာများ၌ ရေကြီးရေလျှံ၍ ရွှံ့ရေနှင့် နုန်းမြေများ  ဝင်ရောက်နေသည်။

မိုးတစ်ခါရွာရင် ရေတခါကြီးပါတယ်။ တောင်ကျရေတွေပါ။ မြောင်းမတူးလို့ လမ်းပေါ်အထိ ရေလျှံတာ။ အိမ်အနောက်ကနေ ရေဝင်တာ ခုရေက ဒူးလောက်ရှိတယ် မကျသေးပါဘူး

ဟု အမှတ်(၈)ရက်ကွက်တွင်းနေ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်အေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့တွင် နှစ်စဥ်ရေကြီးရေလျှံမှုဖြစ်ပွားတတ်သဖြင့် မြို့တွင်းမှ ရေထွက်ကောင်းစေရန် နမ့်စောင်းငေါင်းချောင်းကို ချောင်းဧရိယာချဲ့ထွင်ခြင်း၊ ချောင်းဆယ်ခြင်းများနှင့် ရေထိန်းတမံတည်ဆောက်ခြင်းများ ပြုလုပ်ထားသော်လည်း  အနိမ့်ပိုင်းနေရာရှိ လူနေရပ်ကွက်များတွင် ရေကြီးရေလျှံမှုများမှာ ဖြစ်ပွားနေဆဲဖြစ်သည်။

ကျောက်မဲမြို့တွင် ၂၀၂၁ခုနှစ် မေလ(၄)ရက်နေ့က တစ်ကြိမ်၊ မေလ(၁၀)ရက်နေ့က တစ်ကြိမ် နှင့် မေလ(၁၂)ရက်နေ့တွင် တစ်ကြိမ် မိုးရွာတိုင်း ယခုလို ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် သက်ဆိုင်ရာများအနေဖြင့် ရေစီးမြောင်းများကို စနစ်တကျ ဆောင်ရွက်ပေးသင့်ကြောင့် ဒေသခံများကို ဆိုသည်။

#TachileikNewsAgency