တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၅၂၈)မှ ဗိုလ်ကြီးတစ်ဦး ပြည်သူဘက်က ရပ်တည်ကာ CDM ပါဝင်လာ

တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၅၂၈)မှ ဗိုလ်ကြီးတစ်ဦး ပြည်သူဘက်က ရပ်တည်ကာ CDM ပါဝင်လာ

တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၏ ခြေမြန်တပ်ရင်း အမှတ်(၅၂၈)မှ  ဗိုလ်ကြီး လင်းထက်အောင်သည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ လုပ်ရပ်ကို သဘောမတွေ့၍ ပြည်သူဘက်က ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖီဆန်ကာ CDM တွင် ပါဝင်လာကြောင်း RFA သတင်းဌာန၏ ဧပြီလ(၁၀)ရက်နေ့တွင် ဖော်ပြထားချက်အရ သိရသည်။

ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်လာသည့်  ဗိုလ်ကြီး လင်းထက်အောင်သည် ကိုယ်ပိုင်နံပါတ် (၆၂၁၃၆)ဖြစ်ပြီး မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် (၅၄)ကို ၂ဝဝ၈-၂ဝဝ၉ ခုနှစ်က စတင်တက်ရောက်အောင်မြင်ခဲ့ကာ အသက်(၂၉)နှစ်အရွယ်ရှိကြောင်း နှင့် လက်ရှိတွင် မြန်မာ - ထိုင်းနယ်စပ်ဒေသရှိ တိုင်းရင်းသားနယ်မြေတစ်ခုတွင် CRPH နှင့် ချိတ်ဆက် ဆက်သွယ်မှုဖြင့် ရောက်ရှိနေပြီး ပြည်သူနှင့်အတူ ပူးပေါင်ပြီး အမှန်တရားဘက်ကနေ ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စစ်သည်အင်အား (၃)သိန်းကျော်ရှိနေသည့် စစ်တပ်တွင် အရာရှိ အနည်းဆုံး (၇၅)ရာခိုင်နှုန်းမှာ စစ်ခေါင်းဆောင်များ၏ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် လုပ်ရပ်များကို မှားယွင်းနေကြောင်း သိရှိပြီး သဘောမတွေ့သူများ  ဖြစ်သော်လည်း ရုန်းမထွက်နိုင်သေး၍ နေနေကြရခြင်း ဖြစ်ကြောင်းလည်း RFA ၏ ဆက်သွယ်မေးမြန်းဖော်ပြထားချက်အရ သိရသည်။

❖ RFA မှ ဆက်သွယ်မေးမြန်းထားသည့် သတင်းအပြည့်အစုံ

https://web.facebook.com/rfaburmese/videos/172437174727153 

Source & Photo  : RFA