မိုးမိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် လူငယ်များက စာတန်းပုံဖော်

မိုးမိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် လူငယ်များက စာတန်းပုံဖော်
ဖေဖော်ဝါရီ 23, 2021 | နိုင်ငံရေး| ရှမ်းမြောက်

ရှမ်းပြည်နယ်(‌မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် လူငယ်များက CDM လှုပ်ဆောင်နေသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် မြို့နယ်ဆေးရုံရှေ့ရှိ လမ်းပေါ်တွင် CMD နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပါသည့် ပုံစာသားကို ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ တွင် ပုံဖော်ထားရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် ကျောင်းသား လူငယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။

Tachileik News Agency